3 de nov. de 2012

OF COURSE!! " LOVE IS UNDERSTANDING AND FORGIVING. "

  OF COURSE!! " LOVE IS UNDERSTANDING AND FORGIVING. "
ဟုတ်တယ်..။ အချစ်ဆိုတာ တကယ်တော့ နားလည်၊ ခွင့်လွတ်ပေးခြင်းတစ်မျိုးပါပဲ။
အချစ်ဆိုတဲ့အရာကို အရှူးအမှူး စွဲလန်းနေစဉ်မှာတော့တစ်ဦးကိုတစ်ဦး
အပြစ်ဆိုတာကို မမြင်တတ်ကြပါဘူး။ အရာရာကို တစ်ဦးနဲ့တစ်ဦး positive အမြင်ကပဲ
ရှူမြင်နိုင်ကြပါတယ်။ခွင့်လွတ်နေကြတယ်၊ တစ်ဦးကို တစ်ဦးနားလည်ပေးနေကြတယ်။

     ဒါပေမယ့် အနေဝေးနေရလို့ပဲဖြစ်ဖြစ်၊ အနီးအနားမှာ ရှိနေသည်ပဲဖြစ်ဖြစ် ကိုယ့်အမြင်
အယူအဆတွေ၊ ကိုယ့်အတ္တတွေကို ရှေ့တန်းတင်လာတတ်တဲ့အခါကြရင်တော့
အချစ်ဆိုတာတွေထက်အပြစ်တွမြင်လာတတ်ကြတယ်လေ။ " NOBODY WAS
BORN IN PERFECT "တဲ့။ ဟုတ်တယ်လေ..။ စာရေးသူတို့လို ပုထုဇဉ် မနုဿ
လူသားတွေအတွက် ခြောက်ပြစ်ကင်း သဲလဲစင်နေကြတယ်ဆိုတာ မရှိနိုင်ဘူးလေ။
လူတိုင်း အားသာချက်၊ အားနည်းချက်ဆိုတာရှိကြ၊ ကြုံကြရတာ ဓမ္မတာပါပဲ။
သို့ပေမယ့် လူဆိုသည် သဘာဝအရ မိမိတို့၏ အလို၊ ရမ္မ္မက်၊ အတ္တတွေကိုသာ
ရှေ့တန်းတင်တယ် ဆိုတာတွေ ရှိကြပါတယ်။

    တကယ်တော့ ဒါတွေရဲ့ တစ်ဖက်စွန်းက နားလည်မှူ၊ ခွင့်လွတ်မှူဆိုတာတွေက လက်တွေတော့
အခက်သားပါ။ ခွင့်လွတ်၊ နားလည်းခြင်းတွေရဲ့ အချစ်ဆိုတာက တကယ်တော့ မေတ္တာတရားကို
အခြေခံထားတဲ့ စိတ်စေတနာတစ်ခုရယ်ပါ။ အတ္တကိုရှေ့တန်းတင်တဲ့ အချစ်ကတော့ပူလောင်တယ်၊
မေတ္တာကို အခြေခံတဲ့ ချစ်ခြင်းကတော့ အေးချမ်းလှပါတယ်။

     ပြီးတော့ ခွင့်လွတ်ခြင်းဆိုတာကို ကိုယ်ချင်းစာတရား တစ်မျိုးလည်း ဖြစ်နိုင်တာပါပဲ။ ဆိုတော့
ငါလိုချင်၊ ဖြစ်ချင်တာတစ်ခုရယ်ကြောင့် မိမိရဲ့ ချစ်သူကိုတော့ဖြစ် ဘာလုပ်လိုက်မယ်၊ ဘာဖြစ်လိုက်မယ်
ဆိုပြီးတော့ ဘာမှမဟုတ်တဲ့ အကြောင်းအရာတစ်ခုနဲ့ မိမိထင်ရာကိုသာ ရိုးမယ်ဖွဲ့ အပြစ်ရှာမိကြမှာပါပဲလေ။

    အဲဒါလေးရဲ့ တစ်ဖက်ကိုလှည့်တွေးပြီး ကြိုးစားကြည့်လိုက်ပါ။ " အော်..ငါ. သူ့အပေါ် အဲလိုမြင်ရင်. သူ့ဘက်ကရောငါ့အပေါ် ဘယ်လို၊ ထင်မြင်ယူဆနေမလဲ " ..စသည့်. စသည့် အတွေးအမြင်တွေထက်၊ သူ့ကို ငါ့ယုံကြည်တယ်၊သူ့အတွက်ဆို ငါကိုယ်နဲ့ ချင့်ချိန်ပြီးတော့မှ နားလည်၊ ခွင့်လွတ်လိုက်ပါတယ်.. သူလည်းပဲ ငါ့လိုပဲ ခံစားနေရမှာပဲ..ဆိုသည့်အတွေးမျိုးများမွေးမြူနိုင်အောင် ကြိုးစားနိုင်ရင်တော့ ဘယ်လောက်ပဲအဝေးမှာရှိနေပါစေ၊ ဘယ်လိုပဲ အနီးကပ်ဆုံးမှာ  အတူရှိနေကြပါစေလေ..တစ်ယောက်ကို တစ်ယောက် ချစ်ကြည်နှူးစွာ ဘ၀တစ်ခု ကို လက်တွဲကာ လျောက်လှမ်းနိုင်ကြမှာပါ။တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မျှဝေခံစားနိုင်ကြမှာပါ။

     နောက်ဆုံး ဆက်စပ်ဆွေးနွေးရရင်တော့ မိမိရော၊ မိမိချစ်ခင်တဲ့သူတွေပါ အရာအားလုံး လိုအပ်ချက်တွေနဲ့အတူအားနည်းချက်တွေရှိနေကြတာခြင်းအတူတူ ရှိနေကြမှာအမှန်ပါ။ ဒါ့ကြောင့် တစ်ဦးရဲ့ အမှား၊အားနည်းချက်ဆိုတာလေးတွေကို လိုအပ်တာဖြည့်တွေးပြီး ကိုယ်ချင်းစာတရားလေးတွေ၊ မျှဝေကာခံစားကြရင်း အတူရင်ဆိုင်လျှောက်လှမ်းကာသွားကြရင်ဖြင့် မေတ္တာတရားကို အခြေခံတဲ့ ချစ်ခြင်းမျိုးများနဲ့ ဘ၀ကို အတူတကွ နားလည်စွာ လျှောက်လှမ်းနိုင်ကြရမည် ဖြစ်ကြောင်းပါ။


                                         ကိုမျိုး ( မိုးညှင်း )




19 de set. de 2012

တကယ်ချစ်ရင်...

တကယ်ချစ်ရင်....
အနိုင်အရှုံးလည်း မတွက်ပါနဲ့...
အမှတ်အတေးလည်း မထားပါနဲ့..။
အတ္တမာနလည်း မထားပါနဲ့..။
ချစ်တယ် ပြောဖို့လည်း..
မရှက်ပါနဲ့။
ကြင်နာယုယဖို့လည်း..
မမေ့ပါနဲ့။
ခွင့်လွတ် သည်းခံဖို့လည်း..
 
ဝန်မလေးပါနဲ့....။


 
 

18 de set. de 2012

ကောင်မလေးသို့..........

ကောင်မလေးရေ့..
တို့တတွေ စတွေ့တုန်းက၊
မျှော်လင့်မထားပဲ ဆုံခဲ့ကြတယ်လေ..။   
 
ပြီးတော့.. ရည်ရွယ်ချက်ရဲ့ လမ်းတစ်ခုကြောင့်..
တစ်ယောက် တစ်နေရာစီ..
ဝေးခဲ့ရသေးတယ်နော်....။   
 
ပြီးတော့.. တို့တတွေ ဆုံခဲ့ကြပြန်တယ်..
ဒီတစ်ခါတော့ ရင်မှာကိုယ်စီ အပြုံးများစွားနဲ့ပေါ့..
တို့နှစ်ယောက် ကမ္ဘာလေးဟာ သာယာခဲ့တယ်နော်..။
ဒါပေမယ့် ဘ၀ရဲ့ရည်မှန်းချက်တစ်ခုကြောင့်..
တို့တတွေ ထပ်ပြီး ဝေးခဲ့ရပြန်ပြီလေ...။
 
တို့တတွေ ခွဲခွာခဲ့တဲ့နေ့တုန်းကပေါ့..
ကောင်မလေး.. မင်းလေးရင်ထဲမှာ...
ဘာတွေ တွေးနေမလဲ...
ကိုယ့်ရဲ့ ရင်ထဲမှာ ဘာတွေတွေးနေသလဲ ဆိုတာ..
ကိုယ်စီရှိနေကြပေမယ့်...
တစ်ချိန်မှာ ပြန်ဆုံကြမယ်ဆိုတဲ့...
ကတိစကားတွေနဲ့အတူ..
ကိုယ်တို့ နှစ်ယောက်...
ပြန်ဆုံကြပြီး...       
ဒီတစ်သက်မခွဲ၊ အမြဲအတူရှိနေကြမယ်နော်.. 
 
                   ကိုမျိုး ( မိုးညှင်း )

5 de set. de 2012

အချစ်ဆိုတာ နားလည်မှူတစ်ခုပါ.....

အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် နားလည်မှူပေးခြင်းတဲ့။ တကယ်တော့လည်း ချစ်ကြရာဝယ် နားလည်မှူလေးတွေ မပါရင်တော့ မခိုင်မြဲနိုင်ပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှူတွေပေးပြီး ချစ်နေစဉ်မှာတော့ အချစ်တွေဟာ ခိုင်မြဲနေမှာပါ။
     "No one was born in perfect"တဲ့။ ဟုတ်ပါတယ်။ လူဆိုတာတော့ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့တော့
မရှိနိုင်ပါ။ လိုအပ်ချက်ဆိုတာတော့ ရှိနေကြစမြဲပါ။ ဒါ့ကြောင့်တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖြည့်ပြီး နားလည်မှူပေး နိုင်အောင်ကြိုးစားစဉ်မှာတော့ အားလုံးသော အချစ်တွေဟာ
အဆင်ပြေနေမှာ မလွဲပါ။ လူတစ်ဦးနဲ့တစ်ဦး အချင်းချင်း နားလည်မှုတွေ ရှိနေရင် အချစ်တွေလည်း ရှိနေကြမှာ ဖြစ်ပြီး နားလည်မှု လွဲလာပြီဆိုရင်တော့ အချစ်တွေလည်း လျော့လာတော့တာ ဖြစ်ပါတယ်။ များများနားလည်မှု လွဲလေ အချစ်တွေ များများလျော့လာလေပဲ ဖြစ်ပါတယ်။ ဒီသဘောတရားကို ကိုယ့်ရဲ့ လက်တွေ့ဘဝတွေမှာ မျက်မှောက်ထင်ထင် တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပေးနိုင်၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်ကနားလည်ခွင့်လွတ်
ပေးနေကြတဲ့အချိန်မှာ ဘာပြဿနာမှ မရှိကြပေမယ့် နားလည်မှုတွေ မပေးနိုင်ကြတော့တဲ့ အချိန်မှာတော့ အချစ်တွေလည်း လျော့လာကာ အချစ်အစား အပြစ်တွေ ပွားလာကြတော့တာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ တစ်ဦးအပေါ် တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အချစ်တွေ မရှိရင် အပြစ်တွေပဲ ကြည့်လာတတ်တာ ဖြစ်ပါတယ်။ အပြစ်ကြည့်လာပြီဆိုရင် နားလည်မှုလည်း မပေးနိုင်တော့ဘဲ အချစ်တွေလည်း ဝေးကွာလာတော့တာ ဖြစ်ပါတယ်။ 
       အဲဒီအချစ်တွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားကြတာ ဖြစ်တဲ့အတွက် နားလည်မှု ရှိနေသမျှ နားလည်မှုတွေ ပေးနေနိုင်သမျှ အချစ်တွေဟာလည်း ခိုင်မြဲနေနိုင်ကြတာ ဖြစ်ပါတယ်။ အချစ်တွေ ခိုင်မြဲနေသေးသမျှ အပြစ်ရှိတာတောင် အပြစ်လို့ မမြင်တော့ဘဲ နားလည်မှုနဲ့ ခွင့်လွှတ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။ အထူးသတိထားရမှာက အဲဒီလို နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ချစ်ချင်းတွေဟာ ပယောဂတစ်ခုခုကြောင့် နားလည်မှုတွေ လွဲလာခဲ့ရင် အချစ်တွေလည်း လွဲလာတတ်ပြီး အချစ်လွဲလာရင် အပြစ်တွေလည်း တွဲပါလာတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။  
     တကယ်တော့ နားလည်မှုပေးတယ်ဆိုတာ သူ့နေရာမှာ ကိုယ်ကခံစားကြည့်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်လည်းသူ့နေရာမှာဆိုရင် ဒီလိုပဲ ဖြစ်မှာပဲဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ သူ့နေရာလေးမှာ ခံစားပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို နားလည်မှု ရအောင်ကြိုးစားတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦးကြား အကြောင်း တစ်ခုခုကြောင့် နားလည်မှုလေးတွေ လွဲလာခဲ့ရင်လည်း အဲဒီ နားလည်မှုလွဲတာတွေကို လက်တွေ့မဖြေရှင်းပဲ စိတ်ထဲမှာ ကြိတ်ပြီးတေးမထားဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကြောင့် တစ်ခုခုကြောင့် အမြင်လေးတွေစောင်းပြီး နားလည်မှု လွဲလာတာလေးတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုကာ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ချို့နားလည်မှု လွဲကြတဲ့ ကိစ္စတွေဟာ အဲဒီနားလည်မှုကို တိုက်ရိုက်မျက်နှာချင်းဆိုင် ပွင်ပွင့်လင်းလင်း မဖြေရှင်းပဲ ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ရှုထောင့်တစ်ခုတည်းနဲ့ ကြိတ်တေး၊ ကြိတ်တွေးကာ ကြိတ်ခံစားနေကြတဲ့ အတွက်ကြောင့် ကြာတော့ အဲဒီကြိတ်လုံးတွေဟာ အဆိုင်အခဲ ဖြစ်လာကာ နားလည်မှုဟာ ပိုပြီးလွဲလာကြတော့တာ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှု လွဲလာရာက တစ်ယောက်နဲ့တစ်ယောက် သူမှန်ကိုယ်မှန် မာနပြိုင်ရင်း နောက်တော့ အချစ်အစား အမုန်းတွေပဲ ပွားလာဖြစ်ကြတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အမုန်းအပြစ်ဆိုတာ နားလည်မှုလွဲရာကနေ အချစ်တွေပြယ်ကာ အပြစ်တွေအဖြစ် ပြောင်းလဲသွားခြင်း သဘောပဲ ဖြစ်ပါတယ်။ 
       ဆိုတော့ကား ဘာပဲဖြစ်ဖြစ် ခဏတာဆုံတွေ့ကြတဲ့ အခိုက်အတန့်လေးမှာ အမုန်းတရားတွေနဲ့ ဘဝကို ဖြတ်သန်းကြမယ့်အစား မပြည့်စုံတဲ့ သူအချင်းချင်း အားနည်းချက်ကို နားလည်မှုပေးပြီး အဲဒီနားလည်မှုကို အချစ်တစ်ခုအဖြစ် တည်ဆောက်ကာ အချစ်အားနဲ့ အပြစ်များကို ဖယ်ရှားနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နားလည်မှုရှိနေရင် အချစ်ရှိနေမှာဖြစ်ပြီး အချစ်ရှိနေရင် အပြစ်ကြည့်တာတွေလည်း နည်းလာကြမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အချစ်တွေကို တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

 

7 de mar. de 2012

နိယာမ..

                            

ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ ...့ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။
By: Nu Nu Yi

ချစ်သူထားတယ်ဆိုတာ.......

                                                
ချစ်သူထားတိုင်း ပျော်ရွှင်ရမယ် ထင်မှတ်မနေပါနဲ့
ဘဝဆိုတာ ပျော်ရွှ...င်ခြင်း ၊ ဝမ်းနည်းခြင်းတွေပေါင်းစပ်ထားသလို

အချစ်ဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်းတခုဖြစ်လို့
ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေပေါင်းစပ်ထားပါတယ်
သင်ငါးလေးတကောင်စားတဲ့အခါ
အရိုးပါတယ်ဆိုပြီး အရသာရှိတဲ့အသားတွေကိုသင်မစားပဲ
ငါးတကောင်လုံး.သင်လွှင့်ပစ်မယ်မထင်ပါဘူး
အရိုးကိုနွှင်ပြီး အသားကိုတော့သင်စားတတ်ပါတယ်

ချစ်သူဆိုတာလည်းအဲဒီလိုပါပဲ
သင့်ကိုမြတ်နိုးပြီးတကယ်ချစ်တဲ့ချစ်သူတယောက်ဟာ
သင့်အတွက်အရသာရှိတဲ့အသားတွေများပါတယ်
ဒါပေမဲ့တခါတခါစူးတတ်တဲ့ အရိုးကလေးတွေကိုတော့သင်နားလည်ပေးတတ်ရတယ်

ချစ်သူထားတယ်ဆိုတာ
အသားကိုစားပြီးအရိုးကို သင်နွှင်ထုတ်တတ်သလို
တော်ရုံအပြစ်အနာအဆာအသေးအမွှားလေးတွေကို သင်ဖယ်ပြီးကြည့်တတ်ရပါတယ်

လောကမှာအရိုးလုံးဝမပါတဲ့ ငါးဆိုတာမရှိဘူးနော်
တကောင်လုံးစားလို့ရတဲ့ငါးအသေးလေးတွေတောင်
အရိုးနုကလေးတွေတော့ပါတတ်ပါတယ်

သင်သိလား
သာယာချမ်းမြေ့တဲ့ချစ်သူတွေရဲ့လျှိ့ဝှက်ချက်ဆိုတာ
သူမတူအောင် နားလည်မှုကိုတည်ဆောက်ထားနိုင်လို့ပါပဲ ။ ။

20 de fev. de 2012

ပုလဲသွယ်သွားလေးများ ....

                                            
လူတိုင်းနီးပါးပါပဲ။ အစားအသောက်မျိုးစုံကို နေ့တိုင်းစားသောက်နေကြတော့ သွားလေးတွေမှာ အရောင်တွေစွန်းပြီး ၀ါညစ်ညစ်ဖြစ်နေတတ်တယ်နော်။ အဲလို သွားတွေ ညစ်နေရင် တစ်နေ့ ၂ ကြိမ် ပုံမှန်သွားတိုက်ပေးရုံနဲ့ ပျောက်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ ရီလိုက်တိုင်း သွားလေးတွေက ပုလဲဖြူဖြူလေးတွေ စီထားသလို ဖြူတောက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြမယ်နော်။
- လက္ဘ်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေ သောက်ပြီးရင် ချက်ချင်းပလုတ်ကျင်းပါ။

- ပန်းသီး၊ မုန်လာဥနီ၊ ကြံ၊ စတော်ဘယ်ရီသီးတွေက သွားတွေကို သဘာဝအတိုင်းဖြူစင်တောက်ပစေလို့ များများစားပေးပါ။

- သွားမှာ အရောင်တွေ စွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပန်းမုန်လာ၊ ဆလပ်ရွက်၊ နှင်းနှနွယ်ရွက်တွေကိုလည်း စားပေးပါ။

- စတော်ဘယ်ရီသီးတွေမှာ သွားတွေကို ဖြူစင်တောက်ပစေတဲ့အစွမ်း ရှိပါတယ်။ စတော်ဘယ်ရီသီးတွေကို ချေလိုက်ပါ။ ပြီးတော့ လက်ချောင်းနဲ့ ယူပြီး သွားတွေကို ပွတ်ပေးပါ။ ၂ မိနစ်လောက်ထားပြီး သွားပွတ်တံနဲ့ (သွားတိုက်ဆေးမပါ) သေချာသွားတိုက်ပေးပါ။

- မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကို ဆတူရောပြီး သွားတိုက်ပေးရင်လည်း သွားတွေဖြူလာနိုင်ပါတယ်။

ရင်နှင်းသူငယ်ချင်းလေးတွေ သွားဖြူဖြူ အပြုံးလှလှလေးတွေနဲ့ အလှပိုနိုင်ကြပါစေ။
http://www.myanmarskylink.com/    မှ ကူးယူဖော်ပြပါသည်

အိမ်ထောင်မှူပြုသည် ဆိုသည်မှာ.....

                                                    
"အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမှင်ရည် စုပ်ထိုး ဤ(၃)မျိုး ချက်မပိုင်ရင် နောင်ပြင်ရန်ခက်တဲ့ " ပြောခဲ့ကြပါတယ်။ လုပ်ပြီးရင် ပြန်ပြင်ဖို့ခက်တဲ့အရာတွေဖြစ်နေပါတယ်။
အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်စံညွန်းတွေနဲ့ သတ်မှတ်ပြီး သဘောကျနှစ်သက်တဲ့သူတွေနဲ့ အတူယှဉ်တွဲနှစ်ယောက်တစ်ဘ၀ကို ဖန်တီးတည်ဆောက်ကြပါတယ်။
ဒီလိုတည်ဆောက်ရာမှာ မိမိကိုယ်ပိုင် စံညွန်းများအပြင် နောက်ထပ်သိသင့်တယ်ထင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။  အိမ်ထောင်မပြုမီ သိသင့်သော အချက်များမှာ-

(၁) မိမိတို့၏ ပညာအရည်အချင်း ပြည့်စုံပြီလား။
(၂) စိတ်ပါဝင်စားမှုရှိပြီလား။
(၃) တစ်ဦးနှင့် တစ်ဦး အကြောင်းစုံသိပြီးလား။
(၄) သုံး၊လေး နှစ် မစောင့်နိုင်တော့တာ ဘာကြောင့်လဲ။
(၅) အခက်အခဲများကို ရင်ဆိုင်နိုင်ပြီလား ။
(၆) သွေးသားတောင့်တမှု သက်သက်ကြောင့်လား။
(၇) တစ်ဦးနှင့်တစ်ဦး သည်းခံမှု ၊ အနစ်နာခံမှု ရှိကြပြီလား။
(၈) မိဘဆွေမျိုးများကို စုံစမ်းမေးမြန်းပြီးပြီလား။
(၉)အိမ်ထောင်ရဲ့တာဝန်ဝတ္တရားတွေကိုရော ကျေပွန်စွာ နားလည်ပြီလား။
(၁၀)ဘာသာ၊ သာသနာရဲ့ အကျိုးကိုရော တက်နိုင်သလောက် ကူညီနိုင်ပြီလား။
(၁၁) အိမ်ထောင်မကျမီ ငွေရေးကြေးရေး ဘယ်လောက်ကုန်ကျမည်ကို တွက်ချက်ထားပြီလား။
(၁၂) မိမိခြေထောက်ဖြင့် ထနိုင်ပြီးလား... မိမိခြေထောက်ပေါ်ရပ်တည် နိုင်ပြီလား။ ကိုယ်အားကိုယ်ကိုးနိုင်ပြီလား။
(၁၃) သားသမီးရလာပါက ထိုသားသမီးအတွက် တာဝန်ယူနိုင်ပြီလား။
(၁၄) ဘ၀ကြင်ဖော်ကို တစ်သက်လုံးပေါင်းဖော်ရမည်ဖြစ်သောကြောင့် လေးလေးနက်နက်စဉ်းစားရန်လိုအပ်ပါသည်။
     ဤအချက်တွေကိုရေးသားခဲ့ကြသူများမှာ အတွေ့အကြုံရှိပြီးသော သူများဖြစ်သည့်အတွက် အထက်ပါအချက်အလက်များကို အိမ်ထောင်မပြုမီ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။  
သို့မှသာလျှင် ပျော်ရွင်ဖွယ်ကောင်းသော ဘ၀တစ်ခုကို နှစ်ယောက်အတူ ဖန်တီးတည်ဆောက်နိုင်ကြမှာပါ...။

19 de fev. de 2012

ကောင်မလေးရယ်...




အချစ်ဆိုတဲ့ သံစဉ်တွေကို ...
ကိုယ် မညှိတတ်ပေမယ့်....
ကို့ရင်ခွင်က..
ထွက်လာတဲ့..
အလွမ်းတွေ၊
 ခံစားချက်တွေကိုတော့...
ကိုယ်သာ အသိဆုံးပါ...
ကောင်မလေးရယ်...။

****


ကိုမျိုး ( မိုးညှင်း )

ချစ်သူသိစေ...

   
      ချစ်သူရေ..
သတိရခြင်းများစွာက..
ကို့ကိုစိုးမိုးနေတယ်..။
ဘယ်သူကများ လှူပ်နိုးခဲ့တာလဲလေ..။
 
      အိပ်မရတဲ့ ညဥ့်နက်တွေတိုင်းမှာ...
သတိရ၊ လွမ်းဆွတ်ခြင်းတွေကို ရွက်လွင့်လို့...
ချစ်လေးရဲ့ မျက်ဝန်းလှလေးတွေက..
ကို့ရဲ့ ၀င်သက်၊ ထွက်သက်တိုင်းမှာ..
တဖျတ်ဖျတ်နဲ့ ၀င်းလက်လို့...
ကို့အတွက် တစ်သက်စာမြတ်နိုးခွင့်က..
ပန်ကလေး တစ်ပွင့်ကို နမ်းရှိုက်သလိုမျိုး..။    
       ချစ်သူရေ...
ကို့ရဲ့ အလွမ်းတွေကိုတော့..
မရုတ်သိမ်းလိုက်ပါနဲ့ကွယ်..။
မင်းလေးနဲ့  လုံးဝမျှော်လင့် မထားပဲ..
ဆုံခဲ့ရတဲ့ ဆောင်းနေ့လေးတစ်နေ့ကို..
မနေ့က အဖြစ်အပျက်လို...
ရင်မှာ ခံစားနေရဆဲပါ....။
    
     ချစ်သူရေ...
သတိရတိုင်း၊ စာတွေရေး..
လွမ်းမိတိုင်း၊ ကဗျာတွေရေး..
ပင့်သက်ရှိုက်မိတိုင်း...တေးဖွဲ့သီရင်းနဲ့ပဲ..
ကို့..ခံစားချက်၊ အလွမ်းတွေက..
နင့်သီးလွန်းလှပါတယ်... ချစ်သူရယ်...။
          မှတ်ချက်။    ။  ဘ၀ရည်မှန်းချက်တွေကြောင့် ဝေးနေရသော ချစ်သူလေးသို့........
 ကိုမျိုး ( မိုးညှင်း )
               

သြော်...ချစ်လေးရယ်


နေ့..နေ့..နေ့
ည..ည..ည..
ဒီလို အချိန်များစွာ.......
ဘယ်လိုများ ကျော်ဖြတ်ရမလဲကွယ်....
ချစ်လေးရယ်.....။     
ဘာကြောင့်များ သတိရစိတ်တွေကို
ချစ်လေး ပိုင်စိုးထားရပါသလဲ။
နေ့စဉ်ရက်ဆက်..
ကိုက.. အလွမ်းဒဏ်သင့်နေခဲ့သူပါ။
ကို့ရဲ့ ၀င်သက်၊ ထွက်သက်တွေတိုင်းမှာ.....
ချစ်လေးက.....
အမြဲတမ်း၊ စိုးမိုးနေပါတယ်...
ချစ်လေးရယ်..။

*****
ကိုမျိုး ( မိုးညှင်း )

ချစ်လေးရယ်..


ကို့ရင်မှာ..
တွယ်ငြိရပါတယ် ဆိုတဲ့..
ချစ်လေးရယ်.....
တစ်မြေစီခြား၊ ဝေးနေရတော့..
ပင့်သက်ကို ခါခါချ..
ရင်ဖိုလှိုက်မောစွာ၊ ဖြတ်သန်းရင်းနဲ့
တကယ်ပင် ရင်မှာ
မြတ်နိုးစွာ စွဲလန်း၊ ချစ်ရပါကြောင်း..
ဖြစ်သမျှ အပေါင်းကို..
ချစ်သူ..မင်းလေး မြင်လှည့်စမ်းစေချင်ပါသည်..။

******

အချစ်ဆိုသည်မှာ..


အချစ်ဆိုတာရှင်းပြစရာမလိုပေမဲ့ သက်သပြစရာလိုတဲ့ခံစားချက်တမျိုးပါပဲ..

ဘယ်လောက်ချစ်တယ်လို့ ဖွင့်ဟပြောနေခြင်းထက်
ဘာတွေလုပ်ပေးနိုင်လဲ လုပ်ပြရတဲ့ခံစားချက်တမျိုးဖြစ်တယ်

ဘယ်လောက်သတိရတယ် ပြောနေခြင်းထက်
သူမကြိုက်တဲ့အရာတွေကို မလုပ်ပဲသူ့ကိုချစ်ပြရခြင်းဖြစ်တယ်

ဘယ်လောက်လွမ်းတယ်ဆိုတာ ပြောနေရခြင်းထက်
သူ့ကွယ်ရာမှာ သူ့ကိုသစ္စာရှိစွာချစ်ပြရခြင်းဖြစ်တယ် ၊

ဘယ်လောက်ဂရုစိုက်ကြောင်း ပြောနေရခြင်းထက်
သူဂရုစိုက်တဲ့အရာတွေကို မှတ်သားထားရခြင်းဖြစ်တယ် ၊

ဘယ်သူတွေထက် သူ့ကိုပိုချစ်တယ်ပြောနေရခြင်းထက်
သူကလွဲပြီး စိတ်ထဲကိုဘယ်သူမှထည့်မထားရခြင်းဖြစ်တယ်.

ဘယ်သွားသွား သူ့အကြောင်းတွေးနေပါတယ်ပြောနေရခြင်းထက်
သွားတဲ့အခါ သူမှာတတ်တဲ့ အကြောင်းအရာတွေကို
ဂရုတစိုက်လုပ်ဆောင်ပြရခြင်းဖြစ်တယ်..၊

အချစ်ဆိုတာရှင်းပြစရာမလိုပါဘူး
ဒါပေမဲ့ သက်သေပြစရာတော့လိုတယ်
ပါးစပ်ကတတွတ်တွတ် ချစ်ပြနေရခြင်းထက်
လက်တွေ့ချစ်ပြမှ အချစ်ဆိုတာ အမည်မြောက်တဲ့ခံစားချက်တမျိုးပါပဲ ။   ။


            *******************

9 de fev. de 2012

မိန်းခလေးအချစ်..


  ရင်တွင်းလှောင်ပိတ်
သော့ခလောက်ချိတ်ဆွဲ
ဖြစ်သမျှကိုလည်း
လှစ်ဟမပြသာ

  အကြင်နာယိုဖိတ်
အအိပ်ပျက်လည်း
ရင်တွင်းစကား
ယောက်ကျားများလို
ဖွင့်ဟဖို့လည်း မတတ်သာ ။

ကြားပါစေသား
သူသိမလားရယ်
ရင်ထဲချစ်စကား
မိန်းမသားပေမို့
ပြောကြားဖို့လည်း မစွမ်းသာ ။

  မှုန်ရီဝိုးတဝါး
နှင်းထန်ဆဲလေ
မေတယောက်တည်း
ခြောက်ခြားနေလည်း
လာပါလို့လည်း
ပြောခွင့်မရှိပါ ၊
 ဖွင့်ဟခွင့်ကလေးတော့ရချင်တယ် ။  ။

   သြော်..မိန်းကလေးအချစ်......
သူရူးပမာ
ဖြစ်လင့်ကစား
ဖူးစာပါရာ
ကျရာအရုပ်
ရွေးရတဲ့ဘဝ
ဘယ်သူများစာနာပေးနိုင်ပါ့...
ချစ်သမျှကို
ဖြစ်ချင်ရာဖြစ်
တခါတလေတော့လည်း
ဖွင့်ဟခွင့်ကလေးတော့ရချင်တယ် ။  ။

7 de jan. de 2012

Need to take care your health!!!

 ၁။ မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတက်ပါတယ်။
အကျိုးဆက်အနေနဲ့ ဦးနှောက်တွေအတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ
ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
၂။ လွန်ကဲစွာစားသောက်ခြင်း
... လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို
တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား
ရောဂါ(လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစာဆင်ခြင်နိုင်စွမ်းတွေကို
ကျဆင်းစေတဲ့ရောဂါ)ပါ ဖြစ်လာနိုင်ပါတယ်။

၎။ အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကိုအဟန့်
အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောက် အယှက် ဖြစ်စေပါတယ်။

၅။ လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှူသွင်ခြင်းအားဖြင့်
ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့
စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၆။ အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး
ရေရှည်ဖြစ်လာတဲ့အခါမှာဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။

 ၇။ အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှု့ကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို
ပျက်ဆီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၈။ ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ
လုပ်တာမျိုး စာကျက်စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့
စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကို လည်းပျက်ဆီးစေပါတယ်။

၉။ စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု့ မရှိခြင်း
 စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှု့တွေ မလုပ်ပေးရင်
ဦးနှောက် ကိုကျုံ့စေပါတယ်။

၁၀။ စကားနည်းခြင်း
 အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့်
ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
 Remark       Just share from " Journal Sone"