19 de fev. de 2012

သြော်...ချစ်လေးရယ်


နေ့..နေ့..နေ့
ည..ည..ည..
ဒီလို အချိန်များစွာ.......
ဘယ်လိုများ ကျော်ဖြတ်ရမလဲကွယ်....
ချစ်လေးရယ်.....။     
ဘာကြောင့်များ သတိရစိတ်တွေကို
ချစ်လေး ပိုင်စိုးထားရပါသလဲ။
နေ့စဉ်ရက်ဆက်..
ကိုက.. အလွမ်းဒဏ်သင့်နေခဲ့သူပါ။
ကို့ရဲ့ ၀င်သက်၊ ထွက်သက်တွေတိုင်းမှာ.....
ချစ်လေးက.....
အမြဲတမ်း၊ စိုးမိုးနေပါတယ်...
ချစ်လေးရယ်..။

*****
ကိုမျိုး ( မိုးညှင်း )

ချစ်လေးရယ်..


ကို့ရင်မှာ..
တွယ်ငြိရပါတယ် ဆိုတဲ့..
ချစ်လေးရယ်.....
တစ်မြေစီခြား၊ ဝေးနေရတော့..
ပင့်သက်ကို ခါခါချ..
ရင်ဖိုလှိုက်မောစွာ၊ ဖြတ်သန်းရင်းနဲ့
တကယ်ပင် ရင်မှာ
မြတ်နိုးစွာ စွဲလန်း၊ ချစ်ရပါကြောင်း..
ဖြစ်သမျှ အပေါင်းကို..
ချစ်သူ..မင်းလေး မြင်လှည့်စမ်းစေချင်ပါသည်..။

******

အချစ်ဆိုသည်မှာ..


အချစ်ဆိုတာရှင်းပြစရာမလိုပေမဲ့ သက်သပြစရာလိုတဲ့ခံစားချက်တမျိုးပါပဲ..

ဘယ်လောက်ချစ်တယ်လို့ ဖွင့်ဟပြောနေခြင်းထက်
ဘာတွေလုပ်ပေးနိုင်လဲ လုပ်ပြရတဲ့ခံစားချက်တမျိုးဖြစ်တယ်

ဘယ်လောက်သတိရတယ် ပြောနေခြင်းထက်
သူမကြိုက်တဲ့အရာတွေကို မလုပ်ပဲသူ့ကိုချစ်ပြရခြင်းဖြစ်တယ်

ဘယ်လောက်လွမ်းတယ်ဆိုတာ ပြောနေရခြင်းထက်
သူ့ကွယ်ရာမှာ သူ့ကိုသစ္စာရှိစွာချစ်ပြရခြင်းဖြစ်တယ် ၊

ဘယ်လောက်ဂရုစိုက်ကြောင်း ပြောနေရခြင်းထက်
သူဂရုစိုက်တဲ့အရာတွေကို မှတ်သားထားရခြင်းဖြစ်တယ် ၊

ဘယ်သူတွေထက် သူ့ကိုပိုချစ်တယ်ပြောနေရခြင်းထက်
သူကလွဲပြီး စိတ်ထဲကိုဘယ်သူမှထည့်မထားရခြင်းဖြစ်တယ်.

ဘယ်သွားသွား သူ့အကြောင်းတွေးနေပါတယ်ပြောနေရခြင်းထက်
သွားတဲ့အခါ သူမှာတတ်တဲ့ အကြောင်းအရာတွေကို
ဂရုတစိုက်လုပ်ဆောင်ပြရခြင်းဖြစ်တယ်..၊

အချစ်ဆိုတာရှင်းပြစရာမလိုပါဘူး
ဒါပေမဲ့ သက်သေပြစရာတော့လိုတယ်
ပါးစပ်ကတတွတ်တွတ် ချစ်ပြနေရခြင်းထက်
လက်တွေ့ချစ်ပြမှ အချစ်ဆိုတာ အမည်မြောက်တဲ့ခံစားချက်တမျိုးပါပဲ ။   ။


            *******************

9 de fev. de 2012

မိန်းခလေးအချစ်..


  ရင်တွင်းလှောင်ပိတ်
သော့ခလောက်ချိတ်ဆွဲ
ဖြစ်သမျှကိုလည်း
လှစ်ဟမပြသာ

  အကြင်နာယိုဖိတ်
အအိပ်ပျက်လည်း
ရင်တွင်းစကား
ယောက်ကျားများလို
ဖွင့်ဟဖို့လည်း မတတ်သာ ။

ကြားပါစေသား
သူသိမလားရယ်
ရင်ထဲချစ်စကား
မိန်းမသားပေမို့
ပြောကြားဖို့လည်း မစွမ်းသာ ။

  မှုန်ရီဝိုးတဝါး
နှင်းထန်ဆဲလေ
မေတယောက်တည်း
ခြောက်ခြားနေလည်း
လာပါလို့လည်း
ပြောခွင့်မရှိပါ ၊
 ဖွင့်ဟခွင့်ကလေးတော့ရချင်တယ် ။  ။

   သြော်..မိန်းကလေးအချစ်......
သူရူးပမာ
ဖြစ်လင့်ကစား
ဖူးစာပါရာ
ကျရာအရုပ်
ရွေးရတဲ့ဘဝ
ဘယ်သူများစာနာပေးနိုင်ပါ့...
ချစ်သမျှကို
ဖြစ်ချင်ရာဖြစ်
တခါတလေတော့လည်း
ဖွင့်ဟခွင့်ကလေးတော့ရချင်တယ် ။  ။

7 de jan. de 2012

Need to take care your health!!!

 ၁။ မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတက်ပါတယ်။
အကျိုးဆက်အနေနဲ့ ဦးနှောက်တွေအတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ
ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
၂။ လွန်ကဲစွာစားသောက်ခြင်း
... လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို
တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား
ရောဂါ(လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစာဆင်ခြင်နိုင်စွမ်းတွေကို
ကျဆင်းစေတဲ့ရောဂါ)ပါ ဖြစ်လာနိုင်ပါတယ်။

၎။ အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကိုအဟန့်
အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောက် အယှက် ဖြစ်စေပါတယ်။

၅။ လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှူသွင်ခြင်းအားဖြင့်
ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့
စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၆။ အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး
ရေရှည်ဖြစ်လာတဲ့အခါမှာဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။

 ၇။ အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှု့ကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို
ပျက်ဆီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၈။ ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ
လုပ်တာမျိုး စာကျက်စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့
စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကို လည်းပျက်ဆီးစေပါတယ်။

၉။ စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု့ မရှိခြင်း
 စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှု့တွေ မလုပ်ပေးရင်
ဦးနှောက် ကိုကျုံ့စေပါတယ်။

၁၀။ စကားနည်းခြင်း
 အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့်
ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
 Remark       Just share from " Journal Sone"

30 de dez. de 2011

မနေ့ကဆောင်း...


                          


ရွက်ကြွေသမျှ
မျက်ရည်မကျခဲ့ပါ ။
ရွက်ဟောင်းသမျှ
ရင်နှောင်းလလွန်
  မျက်ရည်သွန်းဖျန်း
မလွမ်းခဲ့ပါ ။
နွေဟူသမျှ
ပူရမှန်းမသိ
ပကတိအသည်း
ရင်ထဲဟောက်ပက်
အနေခက်မှ
နွေရက် .. အကြွေ
နှင်းမှုံဝေအား
ရင်ကိုထွေးတဲ့
ဆောင်းလေပြေသွေ့
ထိုတနေ့ကို
သတိရလို့ ၊ ငိုမိတယ်.......
တမ်းတမိလို့ ၊ လွမ်းဖြစ်တယ် ။

မောင်လှမျိုး(ချင်းချောင်းခြံ)...

5 de out. de 2011

ချစ်သူတို့တွင် မရှိသင့်သောအချက်များ...

                                                      

၁ ။ မိမိချစ်သူ၏ ကိစ္စများကို အရေးကြီးသည်ဟုမထင်ပဲ ငါ့ကိစ္စသာလျှင်အရေးကြီးတယ် သူ့ကိစ္စက ရွေ့လို့ ရပါ တယ် ကွာ စသဖြင့် အရေးမကြီးသလို လစ်လျှူ ရှု တတ်ခြင်း ။

၂ ။ မိမိချစ်သူနှင့် အတူရှိနေစဉ်အတွင်းတွင် အလိုက်ကမ်းဆိုးမသိပဲ သူငယ်ချင်းကိစ္စများအကြောင်း ၊ အလုပ် ကိစ္စ များအကြောင်း ၊ ဘလော့များအကြောင်း ရေပက်မ၀င်အောင်ပြောဆိုတတ်ခြင်း ။

၃ ။ အကြောင်းတစ်စုံတစ်ခုကြောင့် ဘာမဟုတ်တာလေးနှင့် တင်းမာကြပြီဆိုလျှင် သူက ယောင်္ကျားလေးပဲ စချော့ပေါ့ ၊ သူက မိန်းကလေးပဲ ချစ်သူကိုနွေးထွေးရကောင်းမှန်းမသိဘူးလား အလကားနေ အတိုက်အခံ လုပ်နေ တယ်စသဖြင့် အလျော့မပေးတတ်ခြင်း ။

၎ ။ မိမိချစ်သူနှင့် ချိန်းတွေ့စဉ်အတွင်း မိဘမောင်နှမအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုခြင်း ( သူ့အိမ်က အမျိုးတွေကို ငါ့ထက်ပိုချစ် ပိုခင်တွယ် တယ် စသဖြင့် အထင်လွဲခံရနိုင်ပါတယ် ။ )

၅ ။ မိမိချစ်သူက တစ်ခုခုကို အထင်လွဲနေသည့်အခါ နားလည်အောင်ရှင်းပြဖို့မကြိုးစားပဲ သူငါ့ကိုတ ကယ်ချစ် တယ်ဆိုရင် ငါ့ကို အထင်လွဲစရာမလိုပါဘူး နားလည်ပေးရမှာပေါ့ ဒါငါ့ကို တကယ်မချစ်လို့ အထင်လွဲတာပဲ စသဖြင့် အပြိုင်တင်းမာတတ်ခြင်း ။

၆ ။ မိမိချစ်သူနှင့် ဆုံတွေ့စဉ် နွေးထွေးကြင်နာသော စကားများမပြောဆိုပဲ အေးတိအေးစက်နေထိုင်တတ်ခြင်း ။

၇ ။ ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို ဂရုမပြုမိသည့်အတွက် တစ်ဖက်သားအတွက် ကြီးစွာသော စိတ် ဒါဏ် ရာကို ရစေတတ်ခြင်း ။

၈ ။ မိမိချစ်သူနှင့် ရှေ့ရေးအနာဂါတ်အကြောင်းအရာများကို မတိုင်ပင်ပဲ ချစ်သူဘ၀ တွင်သာနေ လိုပြီး ရှောင် ပတ်ဝေ့နေတတ်ခြင်း ။

၉ ။ တစ်ဖက်သား၏ စိတ်အလိုဆန္ဒ ၊ တောင့်တမှု ၊ မျှော်လင့်ချက် ၊ စသည်တို့ကို သိရှိအောင် မလုပ်ပဲ ကိုယ့်အတ္တကိုယ်သာ ရှေ့တန်းတင်တတ်ခြင်း ။

၁၀ ။ မိမိချစ်သူအား ဒါတွေလုပ်ရမယ် ၊ ဒါတွေမလုပ်ရဘူး ၊ ဒီလူတွေနဲ့မခေါ်ရဘူး ၊ ဒီကိုမသွားရဘူး ၊ ဒီwebsite က ထွက် ရမယ် ၊ ဒီ account မသုံးရဘူး စသဖြင့် အမိန့်ပေါင်းများစွာ ပေးတတ်ခြင်း ( သူဟာ ငါ့ကိုချစ်တော့ ချစ် တာပေါ့ ဒီလောက်တောင်ချုပ်ချယ်တာတော့မကောင်းပါဘူး ငါ့မှာလွတ်လပ်မှုမရှိတော့ဘူး စသဖြင့် ချစ်သူရဲ့ အထင်လွဲမှုကို ခံရနိုင်ပါတယ် ။ )

၁၁ ။ မိမိချစ်သူ gtalk account ချက်မေလ်း ၊ block list စသည်တို့အား မွှေနှောက်ရှာဖွေပြီး (ဘယ်သူတွေ နဲ့ချက်ထားလဲ သူချက်တာ ငါတွေ့မှာစိုးလို့ ဘယ်သူတွေကို များ ပြန် block ထားပြီး ဘယ် ချက်မေလ်းတွေကိုများ ဖျက်ထားပါလိမ့် စသဖြင့် သံသယများစွာ ထားရှိခြင်း ။ ( ကိုယ်ချစ်သော သူအပေါ် သံသယ ထားရှိခြင်းဟာ ကိုယ့်ရဲ့အကြီးမားဆုံး သော ဆုံးရှုံးမှုသာလျှင်ဖြစ်ပြီး အလွန်မိုက်မဲသော အပြုအမူ တစ်ခုဖြစ်တယ် )

အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ် ။ ယနေ့အချစ်ကြီးချစ်ကြပေမယ့် နက်ဖြန်မှာ အမုန်းကြီး မုန်းသွားနိုင်တယ် ။ ရယူလိုမှု ၊ ပိုင်ဆိုင်လိုမှု ၊ စိတ်တိုင်းမကျမှု ၊ သံသယ နဲ့ ဒေါသတွေ က အေးမြဖြူ စင်တဲ့အချစ်ကို ပူလောင်တဲ့ စိတ်ညစ်စရာအချစ် ဖြစ်သွားစေနိုင်တယ် ။ ရိုးရိုးလေးပဲတွေးပါ ။ ဖြူဖြူစင်စင်ပဲချစ်ပါ ။ အတ္တ နဲ့ မကောင်းမြင်စိတ်တွေ မပါပါစေနဲ့ ။ အတူရှိနေစဉ်မှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဖို့လိုတယ် ။ အရာရာ မှာ မရေရာ သေချာမှုမရှိတဲ့ လောက ၊ နေ့မြင်ညပျောက် ဘ၀ကြီးမှာ အချစ်အတွက်နဲ့ အနစ်မွမ်းခံပြီး ကိုယ့်စိတ် ကိုယ်မနှိပ်စက်ပါနဲ့ ။ လွတ်လပ်ခွင့်ပေးထားပါ ။ အချစ်ဆိုတာ ချုပ်ချယ်ဖို့မဟုတ်သလို အတူနေမှ ပြီးပြည့်စုံတာ လည်းမဟုတ်ဘူး ။ ကိုယ်လည်းသူ့ကို ချစ်နေမယ် ၊ သူလည်းကိုယ့်ကိုချစ်နေမယ် ။ ကျန်တာဘာမှမလိုပါဘူး ။ ဒီစိတ်ဝိဥာဉ်ပေါင်းစပ်မှုကိုတော့ ဘယ်အတားအဆီးမှ မဖျက်ဆီးနိုင်ဘူး ။

အချစ်ဆိုတာကို နားလည်သဘောပေါက်ပြီး အချစ်အတွက်ပူလောင်မှုတွေကင်းဝေးပြီး အေးချမ်းမှုတွေ ရရှိနိုင်ကြ ပါစေ ။

                                 ************************