30 de dez. de 2011
5 de out. de 2011
ချစ်သူတို့တွင် မရှိသင့်သောအချက်များ...
၁ ။ မိမိချစ်သူ၏ ကိစ္စများကို အရေးကြီးသည်ဟုမထင်ပဲ ငါ့ကိစ္စသာလျှင်အရေးကြီးတယ် သူ့ကိစ္စက ရွေ့လို့ ရပါ တယ် ကွာ စသဖြင့် အရေးမကြီးသလို လစ်လျှူ ရှု တတ်ခြင်း ။
၂ ။ မိမိချစ်သူနှင့် အတူရှိနေစဉ်အတွင်းတွင် အလိုက်ကမ်းဆိုးမသိပဲ သူငယ်ချင်းကိစ္စများအကြောင်း ၊ အလုပ် ကိစ္စ များအကြောင်း ၊ ဘလော့များအကြောင်း ရေပက်မ၀င်အောင်ပြောဆိုတတ်ခြင်း ။
၃ ။ အကြောင်းတစ်စုံတစ်ခုကြောင့် ဘာမဟုတ်တာလေးနှင့် တင်းမာကြပြီဆိုလျှင် သူက ယောင်္ကျားလေးပဲ စချော့ပေါ့ ၊ သူက မိန်းကလေးပဲ ချစ်သူကိုနွေးထွေးရကောင်းမှန်းမ
၎ ။ မိမိချစ်သူနှင့် ချိန်းတွေ့စဉ်အတွင်း မိဘမောင်နှမအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုခြင်း ( သူ့အိမ်က အမျိုးတွေကို ငါ့ထက်ပိုချစ် ပိုခင်တွယ် တယ် စသဖြင့် အထင်လွဲခံရနိုင်ပါတယ် ။ )
၅ ။ မိမိချစ်သူက တစ်ခုခုကို အထင်လွဲနေသည့်အခါ နားလည်အောင်ရှင်းပြဖို့မကြိုးစာ
၆ ။ မိမိချစ်သူနှင့် ဆုံတွေ့စဉ် နွေးထွေးကြင်နာသော စကားများမပြောဆိုပဲ အေးတိအေးစက်နေထိုင်တတ်ခြင်း ။
၇ ။ ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို ဂရုမပြုမိသည့်အတွက် တစ်ဖက်သားအတွက် ကြီးစွာသော စိတ် ဒါဏ် ရာကို ရစေတတ်ခြင်း ။
၈ ။ မိမိချစ်သူနှင့် ရှေ့ရေးအနာဂါတ်အကြောင်းအရာများက
၉ ။ တစ်ဖက်သား၏ စိတ်အလိုဆန္ဒ ၊ တောင့်တမှု ၊ မျှော်လင့်ချက် ၊ စသည်တို့ကို သိရှိအောင် မလုပ်ပဲ ကိုယ့်အတ္တကိုယ်သာ ရှေ့တန်းတင်တတ်ခြင်း ။
၁၀ ။ မိမိချစ်သူအား ဒါတွေလုပ်ရမယ် ၊ ဒါတွေမလုပ်ရဘူး ၊ ဒီလူတွေနဲ့မခေါ်ရဘူး ၊ ဒီကိုမသွားရဘူး ၊ ဒီwebsite က ထွက် ရမယ် ၊ ဒီ account မသုံးရဘူး စသဖြင့် အမိန့်ပေါင်းများစွာ ပေးတတ်ခြင်း ( သူဟာ ငါ့ကိုချစ်တော့ ချစ် တာပေါ့ ဒီလောက်တောင်ချုပ်ချယ်တာတော့မကေ
၁၁ ။ မိမိချစ်သူ gtalk account ချက်မေလ်း ၊ block list စသည်တို့အား မွှေနှောက်ရှာဖွေပြီး (ဘယ်သူတွေ နဲ့ချက်ထားလဲ သူချက်တာ ငါတွေ့မှာစိုးလို့ ဘယ်သူတွေကို များ ပြန် block ထားပြီး ဘယ် ချက်မေလ်းတွေကိုများ ဖျက်ထားပါလိမ့် စသဖြင့် သံသယများစွာ ထားရှိခြင်း ။ ( ကိုယ်ချစ်သော သူအပေါ် သံသယ ထားရှိခြင်းဟာ ကိုယ့်ရဲ့အကြီးမားဆုံး သော ဆုံးရှုံးမှုသာလျှင်ဖြစ်ပြီး အလွန်မိုက်မဲသော အပြုအမူ တစ်ခုဖြစ်တယ် )
အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ် ။ ယနေ့အချစ်ကြီးချစ်ကြပေမယ့် နက်ဖြန်မှာ အမုန်းကြီး မုန်းသွားနိုင်တယ် ။ ရယူလိုမှု ၊ ပိုင်ဆိုင်လိုမှု ၊ စိတ်တိုင်းမကျမှု ၊ သံသယ နဲ့ ဒေါသတွေ က အေးမြဖြူ စင်တဲ့အချစ်ကို ပူလောင်တဲ့ စိတ်ညစ်စရာအချစ် ဖြစ်သွားစေနိုင်တယ် ။ ရိုးရိုးလေးပဲတွေးပါ ။ ဖြူဖြူစင်စင်ပဲချစ်ပါ ။ အတ္တ နဲ့ မကောင်းမြင်စိတ်တွေ မပါပါစေနဲ့ ။ အတူရှိနေစဉ်မှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဖို့လိုတယ် ။ အရာရာ မှာ မရေရာ သေချာမှုမရှိတဲ့ လောက ၊ နေ့မြင်ညပျောက် ဘ၀ကြီးမှာ အချစ်အတွက်နဲ့ အနစ်မွမ်းခံပြီး ကိုယ့်စိတ် ကိုယ်မနှိပ်စက်ပါနဲ့ ။ လွတ်လပ်ခွင့်ပေးထားပါ ။ အချစ်ဆိုတာ ချုပ်ချယ်ဖို့မဟုတ်သလို အတူနေမှ ပြီးပြည့်စုံတာ လည်းမဟုတ်ဘူး ။ ကိုယ်လည်းသူ့ကို ချစ်နေမယ် ၊ သူလည်းကိုယ့်ကိုချစ်နေမယ် ။ ကျန်တာဘာမှမလိုပါဘူး ။ ဒီစိတ်ဝိဥာဉ်ပေါင်းစပ်မှုကိုတော့
အချစ်ဆိုတာကို နားလည်သဘောပေါက်ပြီး အချစ်အတွက်ပူလောင်မှုတွေကင်းဝေြး
************************
18 de set. de 2011
မြတ်နိုးခွင့်လေး ပေးပါနော်.....
ကိုယ်လေ သိပ်ချစ်ပါတယ်
မြတ်နိုးရပါတယ် ဆိုတဲ့....
ချစ်ရသူလေးရယ်...
ကိုယ့်အတွက်တော့လေ...
မင်းလေးနဲ့ဝေးနေရခြင်းတွေနဲ့အတူ...
သတိရခြင်း..
တမ်းတရခြင်း..
လွှမ်းဆွတ်ရခြင်း..
မျှော်လင့်ရခြင်း တွေအပြည့်နဲ့
ကိုယ့်ဘ၀က မင်းလေးပါ။
ဒီလို မြတ်နိုးတွယ်တာနေရတဲ့..
ချစ်ရဆုံးသူ မင်းလေးကို
တစ်ပါးရင်ခွင် တစ်ခြားဆီမှာ..
မကြား၊ မမြင်ပါပဲ
ကိုယ်တစ်ယောက်ထဲ ကိုပဲ
မြတ်နိုးခွင့်ပေးပါ ကွာ..နော်။
*********
11 de set. de 2011
အဖိုးတန်မြန်မာမိန်းကလေးစိတ်..............
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့
ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့
အပြုအမူ၊သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့
နှလုံးသားတစ်စုံရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို
ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို
မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။
တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။
မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ
နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့
ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ
ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊
လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့
ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊
ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ
ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့
ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာ
သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို
ချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊
သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ
ချစ်ခြင်းမေတ္တာရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊
ကြင်နာတဲ့
အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး
တန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို
မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း
ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ
ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ
မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က
မိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး
နားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။
မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့
မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့
ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့
ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။
စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်
လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊
ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊
ကျင့်ကြံနိုင်ပါတယ်။
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ
ရှင်သန်နေထိုင်သင့်တယ်။
***********************
တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနားလည်မှူတွေ ပေးကြမလဲ...။
အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ
ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို
အပြည့်အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ်ကရောဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။
မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ့  အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်
နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။
မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလဲ" လို့ မေးရင် “ဘာမှမဖြစ်ဘူး” လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့ ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့ ပြန်ဖြေမှာပါပဲ။
ယောက်ျားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောက်ျားတစ်ယောက်ကိုသူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။
မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေအားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့ ၀မ်းနည်း ငိုကြွေးရင် မှီတွယ်စရာပုခုံးတစ်ဖက် ကို အလိုရှိတာပါပဲ။ မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။ ယောက်ျား
တစ်ယောက်ကြောင့် လုံခြုံမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ့ စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့  လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောက်ျားဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀ ကိုဦးဆောင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်လာပါတယ်။ယောက်ျားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘ၀မှာ ချစ်သူ အမျိုးသား မပါဘဲ အောင်မြင်နိုင်တဲ့ အမျိုးသမီး ဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကိုအားကိုးတဲ့ ၊ အစစ အရာရာ အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ယောက်ျားတစ်ယောက်ရဲ့ စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့် ယောက်ျား တစ်ယောက်ဟာမိန်းမတစ်ယောက်ရဲ့  ဘ၀မှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောင်္ကျားဟာ တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေအချာပါပဲ။
မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောက်ျားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို ဘ၀မှာ လက်တွဲ လိုပါတယ်။ မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့ ဆိုတာက သူမ တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင် လုံလောက်ပါပြီ။
ချစ်သူ အမျိုးသားရဲ့  ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘ၀မှာ ခွန်အားပါပဲ။ဒါပေမယ့်
အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘ၀မှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသားရဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ ကြောက်ရွံ့  မှုတွေ၊ သူမရဲ့ ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင်အချိန်မရွေး သူမငိုနိုင်ပါတယ်။
ယောက်ျားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် ၀မ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့  မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ ဆိုသလိုခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး ။ယောက်ျားတွေဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့်ဆက်ဆံရေးတစ်ခုမှာ ယောက်ျားတွေရဲ့  အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။ပညာတတ်၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောက်ျားရဲ့စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့ မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာပါပဲ။တကယ်တန်း မချစ်လို့ မဟုတ်ဘဲယောင်္ကျားတစ်ယောက် ရဲ့ တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ မပွင့်လင်းမှုတွေကြောင့် ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့  စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောက်ျားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောက်ျားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကိုသာ အလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမကို ချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ၀တ်တဲ့အ၀တ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်း စကားလေးတွေ ပြောဖို့ လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘ၀အတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘ၀အတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘ၀ တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ။
*********************************
အချစ်၊ အမုန်းဆိုတဲ့အရာကို ဘယ်လို ထိန်းချုပ်ကြမလဲ....
သတ္တဝါတွေဟာ တွယ်တာမိပြီဆိုရင် တစ်စုံတစ်ယောက်အပေါ်မှာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ခုအပေါ်မှာပဲ ဖြစ်ဖြစ် အလွန်အကျွံ တွယ်တာမိတတ်ကြပါတယ်။ တွယ်တာမှုဆိုတာက ချစ်ရင်လည်း တွယ်တာတတ်သလို မုန်းရင်လည်း တွယ်တာတတ်ပါတယ်။ အဲဒီလို ချစ်တဲ့အရာတွေ အပေါ်မှာ တသသဖြစ်နေတတ်၊ မုန်းတဲ့အရာတွေအပေါ်မှာ ခဏခဏဖြစ်နေတတ်တဲ့ တွယ်တာမှုမျိုးကိုပဲ ဒီနေရာမှာ သံယောဇဉ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီသံယောဇဉ်ဟာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဖြစ်များတာနဲ့အမျှ ဒုက္ခများနေကြမှာ ဖြစ်ပါတယ်။ ချစ်တာလည်း သံယောဇဉ် မုန်းတာလည်း သံယောဇဉ် ဖြစ်တဲ့အတွက် အချစ်ရှိရင်လည်း ဆင်းရဲနေမှာဖြစ်ပြီး အမုန်းရှိရင်လည်း ဆင်းရဲနေမှာ ဖြစ်ပါတယ်။ အချစ်အမုန်းဟာ အလွန်အကျွံဖြစ်လာပြီဆိုရင် အချစ်များတာနဲ့အမျှ အပြစ်လည်း များနေကြမှာ ဖြစ်ပြီး အမုန်းများတာနဲ့အမျှ အရှုံးလည်း များနေကြမှာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အပြစ်များပြီး အရှုံးများကြတယ်ဆိုတာ အချစ်အမုန်းဆိုတဲ့ သံယောဇဉ် တရားကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုတော့ကား အချစ်အမုန်း သံယောဇဉ် မကင်းသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီသံယောဇဉ်တွေကို အကြွင်းမဲ့ မပယ်သေးနိုင်ပေမယ့် နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်တောင့်သက်သာ ရှိစေဖို့ အချစ်အမုန်းတွေကို လျော့ချကြဖို့တော့ လိုပါတယ်။ လူဆိုတဲ့သဘောက ကိုယ့်ကိုသူများက အချစ်သံယောဇဉ်ထားတာ ကြိုက်သလို ကိုယ်ကြိုက်တဲ့သူအပေါ် ကိုယ်ကအချစ်သံယောဇဉ် ထားနေရတာကိုလည်း ကျေနပ်နေတတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် အမုန်းသံယောဇဉ်ကိုတော့ ကိုယ့်အပေါ်မှာ သူများက ထားတာကို မလိုချင်ပေမယ့် ကိုယ်ကတော့ သူများအပေါ် မုန်းလိုက်ရတာကိုပဲ ဂုဏ်ယူနေတတ်ပြန်ပါတယ်။ သေချာတွေးကြည့်တော့ ကိုယ်က တစ်စုံတစ်ယောက်အပေါ် အချစ်သံယောဇဉ် ထားလိုက်တာပဲ ဖြစ်ဖြစ်၊ အမုန်းသံယောဇဉ်ထားလိုက်တာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ကိုယ့်အတွက်တော့ ကြာလေဆင်းရဲလေ၊ များလေဆင်းရဲလေပဲ ဖြစ်နေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အချစ်ကြီးလို့ပဲဖြစ်ဖြစ်၊ အမုန်းကြီးလို့ပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ် ဆိုတာ မရှိပါဘူး။ ရှိရင်လည်း အခိုက်အတန့်ပဲ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေရဲ့ အဆုံးမှာတော့ အရှုံးတွေနဲ့ပဲ ကြုံတွေ့ရတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် သံယောဇဉ်ဆိုရင် ချစ်တာပဲဖြစ်ဖြစ်၊ မုန်းတာပဲဖြစ်ဖြစ် နှစ်ခုလုံးဟာ အဆုံးမှာတော့ အပြစ်အရှုံးတွေနဲ့ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အမုန်းမကင်းသေးတဲ့ သူတွေအနေနဲ့ ဒီသံယောဇဉ်ကို အကုန်လုံး မပယ်သေးနိုင်တောင်မှ သတိတရား လက်ကိုင်ထားပြီး တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ အချစ်အမုန်းကို အတတ်နိုင်ဆုံး တစ်စတစ်စ လျော့ချနိုင်အောင် အချစ်အမုန်းအစား မေတ္တာတရား၊ ဒါမှမဟုတ် ဥပေက္ခာတရားနဲ့ အစားထိုးကာ ကြိုးစားပွားပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်သာ လေ့ကျင့် နေထိုင်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။
ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ
အချစ်များက အပြစ်များ၍
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍
မေတ္တာ (ဥပေက္ခာ)နှလုံး ကျင့်ကာသုံးသည့်
အဖြူစင်ဆုံး ဤကျင့်ထုံးကား
အပြစ်လည်းကင်း အရှုံးကင်းမည့်
မချစ်မမုန်း အကောင်းဆုံးတည်း။ ။
ဆိုတော့ကား အချစ်အမုန်း သံယောဇဉ် မကင်းသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီသံယောဇဉ်တွေကို အကြွင်းမဲ့ မပယ်သေးနိုင်ပေမယ့် နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်တောင့်သက်သာ ရှိစေဖို့ အချစ်အမုန်းတွေကို လျော့ချကြဖို့တော့ လိုပါတယ်။ လူဆိုတဲ့သဘောက ကိုယ့်ကိုသူများက အချစ်သံယောဇဉ်ထားတာ ကြိုက်သလို ကိုယ်ကြိုက်တဲ့သူအပေါ် ကိုယ်ကအချစ်သံယောဇဉ် ထားနေရတာကိုလည်း ကျေနပ်နေတတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် အမုန်းသံယောဇဉ်ကိုတော့ ကိုယ့်အပေါ်မှာ သူများက ထားတာကို မလိုချင်ပေမယ့် ကိုယ်ကတော့ သူများအပေါ် မုန်းလိုက်ရတာကိုပဲ ဂုဏ်ယူနေတတ်ပြန်ပါတယ်။ သေချာတွေးကြည့်တော့ ကိုယ်က တစ်စုံတစ်ယောက်အပေါ် အချစ်သံယောဇဉ် ထားလိုက်တာပဲ ဖြစ်ဖြစ်၊ အမုန်းသံယောဇဉ်ထားလိုက်တာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ကိုယ့်အတွက်တော့ ကြာလေဆင်းရဲလေ၊ များလေဆင်းရဲလေပဲ ဖြစ်နေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အချစ်ကြီးလို့ပဲဖြစ်ဖြစ်၊ အမုန်းကြီးလို့ပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ် ဆိုတာ မရှိပါဘူး။ ရှိရင်လည်း အခိုက်အတန့်ပဲ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေရဲ့ အဆုံးမှာတော့ အရှုံးတွေနဲ့ပဲ ကြုံတွေ့ရတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် သံယောဇဉ်ဆိုရင် ချစ်တာပဲဖြစ်ဖြစ်၊ မုန်းတာပဲဖြစ်ဖြစ် နှစ်ခုလုံးဟာ အဆုံးမှာတော့ အပြစ်အရှုံးတွေနဲ့ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အမုန်းမကင်းသေးတဲ့ သူတွေအနေနဲ့ ဒီသံယောဇဉ်ကို အကုန်လုံး မပယ်သေးနိုင်တောင်မှ သတိတရား လက်ကိုင်ထားပြီး တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ အချစ်အမုန်းကို အတတ်နိုင်ဆုံး တစ်စတစ်စ လျော့ချနိုင်အောင် အချစ်အမုန်းအစား မေတ္တာတရား၊ ဒါမှမဟုတ် ဥပေက္ခာတရားနဲ့ အစားထိုးကာ ကြိုးစားပွားပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်သာ လေ့ကျင့် နေထိုင်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။
ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ
အချစ်များက အပြစ်များ၍
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍
မေတ္တာ (ဥပေက္ခာ)နှလုံး ကျင့်ကာသုံးသည့်
အဖြူစင်ဆုံး ဤကျင့်ထုံးကား
အပြစ်လည်းကင်း အရှုံးကင်းမည့်
မချစ်မမုန်း အကောင်းဆုံးတည်း။ ။
7 de set. de 2011
ရည်းစား နှင့် ချစ်သူ....
ရည်းစားဆိုတာ ..........။
* ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
* ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
* ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
* ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......
* လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
* ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊ မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
*
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိပေမယ့်......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
ကိုယ့်ကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
* ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ နားလည် ပေးနိုင်တယ်၊ ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
* သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင် ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီး ဘဝကိုတည်ဆောက်ကြတာပေါ့.......
ချစ်တတ်သူတိုင်း...
အချစ်ဖြင့်ပြီးပြည့်ဆုံသောဘ၀များကို အတူတူပိုင်ဆိုင်နိုင်ကြပါစေ ...
Assinar:
Postagens (Atom)





