7 de mar. de 2012

နိယာမ..

                            

ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ ...့ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။
By: Nu Nu Yi

ချစ်သူထားတယ်ဆိုတာ.......

                                                
ချစ်သူထားတိုင်း ပျော်ရွှင်ရမယ် ထင်မှတ်မနေပါနဲ့
ဘဝဆိုတာ ပျော်ရွှ...င်ခြင်း ၊ ဝမ်းနည်းခြင်းတွေပေါင်းစပ်ထားသလို

အချစ်ဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်းတခုဖြစ်လို့
ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေပေါင်းစပ်ထားပါတယ်
သင်ငါးလေးတကောင်စားတဲ့အခါ
အရိုးပါတယ်ဆိုပြီး အရသာရှိတဲ့အသားတွေကိုသင်မစားပဲ
ငါးတကောင်လုံး.သင်လွှင့်ပစ်မယ်မထင်ပါဘူး
အရိုးကိုနွှင်ပြီး အသားကိုတော့သင်စားတတ်ပါတယ်

ချစ်သူဆိုတာလည်းအဲဒီလိုပါပဲ
သင့်ကိုမြတ်နိုးပြီးတကယ်ချစ်တဲ့ချစ်သူတယောက်ဟာ
သင့်အတွက်အရသာရှိတဲ့အသားတွေများပါတယ်
ဒါပေမဲ့တခါတခါစူးတတ်တဲ့ အရိုးကလေးတွေကိုတော့သင်နားလည်ပေးတတ်ရတယ်

ချစ်သူထားတယ်ဆိုတာ
အသားကိုစားပြီးအရိုးကို သင်နွှင်ထုတ်တတ်သလို
တော်ရုံအပြစ်အနာအဆာအသေးအမွှားလေးတွေကို သင်ဖယ်ပြီးကြည့်တတ်ရပါတယ်

လောကမှာအရိုးလုံးဝမပါတဲ့ ငါးဆိုတာမရှိဘူးနော်
တကောင်လုံးစားလို့ရတဲ့ငါးအသေးလေးတွေတောင်
အရိုးနုကလေးတွေတော့ပါတတ်ပါတယ်

သင်သိလား
သာယာချမ်းမြေ့တဲ့ချစ်သူတွေရဲ့လျှိ့ဝှက်ချက်ဆိုတာ
သူမတူအောင် နားလည်မှုကိုတည်ဆောက်ထားနိုင်လို့ပါပဲ ။ ။

20 de fev. de 2012

ပုလဲသွယ်သွားလေးများ ....

                                            
လူတိုင်းနီးပါးပါပဲ။ အစားအသောက်မျိုးစုံကို နေ့တိုင်းစားသောက်နေကြတော့ သွားလေးတွေမှာ အရောင်တွေစွန်းပြီး ၀ါညစ်ညစ်ဖြစ်နေတတ်တယ်နော်။ အဲလို သွားတွေ ညစ်နေရင် တစ်နေ့ ၂ ကြိမ် ပုံမှန်သွားတိုက်ပေးရုံနဲ့ ပျောက်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ ရီလိုက်တိုင်း သွားလေးတွေက ပုလဲဖြူဖြူလေးတွေ စီထားသလို ဖြူတောက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြမယ်နော်။
- လက္ဘ်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေ သောက်ပြီးရင် ချက်ချင်းပလုတ်ကျင်းပါ။

- ပန်းသီး၊ မုန်လာဥနီ၊ ကြံ၊ စတော်ဘယ်ရီသီးတွေက သွားတွေကို သဘာဝအတိုင်းဖြူစင်တောက်ပစေလို့ များများစားပေးပါ။

- သွားမှာ အရောင်တွေ စွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပန်းမုန်လာ၊ ဆလပ်ရွက်၊ နှင်းနှနွယ်ရွက်တွေကိုလည်း စားပေးပါ။

- စတော်ဘယ်ရီသီးတွေမှာ သွားတွေကို ဖြူစင်တောက်ပစေတဲ့အစွမ်း ရှိပါတယ်။ စတော်ဘယ်ရီသီးတွေကို ချေလိုက်ပါ။ ပြီးတော့ လက်ချောင်းနဲ့ ယူပြီး သွားတွေကို ပွတ်ပေးပါ။ ၂ မိနစ်လောက်ထားပြီး သွားပွတ်တံနဲ့ (သွားတိုက်ဆေးမပါ) သေချာသွားတိုက်ပေးပါ။

- မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကို ဆတူရောပြီး သွားတိုက်ပေးရင်လည်း သွားတွေဖြူလာနိုင်ပါတယ်။

ရင်နှင်းသူငယ်ချင်းလေးတွေ သွားဖြူဖြူ အပြုံးလှလှလေးတွေနဲ့ အလှပိုနိုင်ကြပါစေ။
http://www.myanmarskylink.com/    မှ ကူးယူဖော်ပြပါသည်

အိမ်ထောင်မှူပြုသည် ဆိုသည်မှာ.....

                                                    
"အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမှင်ရည် စုပ်ထိုး ဤ(၃)မျိုး ချက်မပိုင်ရင် နောင်ပြင်ရန်ခက်တဲ့ " ပြောခဲ့ကြပါတယ်။ လုပ်ပြီးရင် ပြန်ပြင်ဖို့ခက်တဲ့အရာတွေဖြစ်နေပါတယ်။
အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်စံညွန်းတွေနဲ့ သတ်မှတ်ပြီး သဘောကျနှစ်သက်တဲ့သူတွေနဲ့ အတူယှဉ်တွဲနှစ်ယောက်တစ်ဘ၀ကို ဖန်တီးတည်ဆောက်ကြပါတယ်။
ဒီလိုတည်ဆောက်ရာမှာ မိမိကိုယ်ပိုင် စံညွန်းများအပြင် နောက်ထပ်သိသင့်တယ်ထင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။  အိမ်ထောင်မပြုမီ သိသင့်သော အချက်များမှာ-

(၁) မိမိတို့၏ ပညာအရည်အချင်း ပြည့်စုံပြီလား။
(၂) စိတ်ပါဝင်စားမှုရှိပြီလား။
(၃) တစ်ဦးနှင့် တစ်ဦး အကြောင်းစုံသိပြီးလား။
(၄) သုံး၊လေး နှစ် မစောင့်နိုင်တော့တာ ဘာကြောင့်လဲ။
(၅) အခက်အခဲများကို ရင်ဆိုင်နိုင်ပြီလား ။
(၆) သွေးသားတောင့်တမှု သက်သက်ကြောင့်လား။
(၇) တစ်ဦးနှင့်တစ်ဦး သည်းခံမှု ၊ အနစ်နာခံမှု ရှိကြပြီလား။
(၈) မိဘဆွေမျိုးများကို စုံစမ်းမေးမြန်းပြီးပြီလား။
(၉)အိမ်ထောင်ရဲ့တာဝန်ဝတ္တရားတွေကိုရော ကျေပွန်စွာ နားလည်ပြီလား။
(၁၀)ဘာသာ၊ သာသနာရဲ့ အကျိုးကိုရော တက်နိုင်သလောက် ကူညီနိုင်ပြီလား။
(၁၁) အိမ်ထောင်မကျမီ ငွေရေးကြေးရေး ဘယ်လောက်ကုန်ကျမည်ကို တွက်ချက်ထားပြီလား။
(၁၂) မိမိခြေထောက်ဖြင့် ထနိုင်ပြီးလား... မိမိခြေထောက်ပေါ်ရပ်တည် နိုင်ပြီလား။ ကိုယ်အားကိုယ်ကိုးနိုင်ပြီလား။
(၁၃) သားသမီးရလာပါက ထိုသားသမီးအတွက် တာဝန်ယူနိုင်ပြီလား။
(၁၄) ဘ၀ကြင်ဖော်ကို တစ်သက်လုံးပေါင်းဖော်ရမည်ဖြစ်သောကြောင့် လေးလေးနက်နက်စဉ်းစားရန်လိုအပ်ပါသည်။
     ဤအချက်တွေကိုရေးသားခဲ့ကြသူများမှာ အတွေ့အကြုံရှိပြီးသော သူများဖြစ်သည့်အတွက် အထက်ပါအချက်အလက်များကို အိမ်ထောင်မပြုမီ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။  
သို့မှသာလျှင် ပျော်ရွင်ဖွယ်ကောင်းသော ဘ၀တစ်ခုကို နှစ်ယောက်အတူ ဖန်တီးတည်ဆောက်နိုင်ကြမှာပါ...။

19 de fev. de 2012

ကောင်မလေးရယ်...




အချစ်ဆိုတဲ့ သံစဉ်တွေကို ...
ကိုယ် မညှိတတ်ပေမယ့်....
ကို့ရင်ခွင်က..
ထွက်လာတဲ့..
အလွမ်းတွေ၊
 ခံစားချက်တွေကိုတော့...
ကိုယ်သာ အသိဆုံးပါ...
ကောင်မလေးရယ်...။

****


ကိုမျိုး ( မိုးညှင်း )

ချစ်သူသိစေ...

   
      ချစ်သူရေ..
သတိရခြင်းများစွာက..
ကို့ကိုစိုးမိုးနေတယ်..။
ဘယ်သူကများ လှူပ်နိုးခဲ့တာလဲလေ..။
 
      အိပ်မရတဲ့ ညဥ့်နက်တွေတိုင်းမှာ...
သတိရ၊ လွမ်းဆွတ်ခြင်းတွေကို ရွက်လွင့်လို့...
ချစ်လေးရဲ့ မျက်ဝန်းလှလေးတွေက..
ကို့ရဲ့ ၀င်သက်၊ ထွက်သက်တိုင်းမှာ..
တဖျတ်ဖျတ်နဲ့ ၀င်းလက်လို့...
ကို့အတွက် တစ်သက်စာမြတ်နိုးခွင့်က..
ပန်ကလေး တစ်ပွင့်ကို နမ်းရှိုက်သလိုမျိုး..။    
       ချစ်သူရေ...
ကို့ရဲ့ အလွမ်းတွေကိုတော့..
မရုတ်သိမ်းလိုက်ပါနဲ့ကွယ်..။
မင်းလေးနဲ့  လုံးဝမျှော်လင့် မထားပဲ..
ဆုံခဲ့ရတဲ့ ဆောင်းနေ့လေးတစ်နေ့ကို..
မနေ့က အဖြစ်အပျက်လို...
ရင်မှာ ခံစားနေရဆဲပါ....။
    
     ချစ်သူရေ...
သတိရတိုင်း၊ စာတွေရေး..
လွမ်းမိတိုင်း၊ ကဗျာတွေရေး..
ပင့်သက်ရှိုက်မိတိုင်း...တေးဖွဲ့သီရင်းနဲ့ပဲ..
ကို့..ခံစားချက်၊ အလွမ်းတွေက..
နင့်သီးလွန်းလှပါတယ်... ချစ်သူရယ်...။
          မှတ်ချက်။    ။  ဘ၀ရည်မှန်းချက်တွေကြောင့် ဝေးနေရသော ချစ်သူလေးသို့........
 ကိုမျိုး ( မိုးညှင်း )
               

သြော်...ချစ်လေးရယ်


နေ့..နေ့..နေ့
ည..ည..ည..
ဒီလို အချိန်များစွာ.......
ဘယ်လိုများ ကျော်ဖြတ်ရမလဲကွယ်....
ချစ်လေးရယ်.....။     
ဘာကြောင့်များ သတိရစိတ်တွေကို
ချစ်လေး ပိုင်စိုးထားရပါသလဲ။
နေ့စဉ်ရက်ဆက်..
ကိုက.. အလွမ်းဒဏ်သင့်နေခဲ့သူပါ။
ကို့ရဲ့ ၀င်သက်၊ ထွက်သက်တွေတိုင်းမှာ.....
ချစ်လေးက.....
အမြဲတမ်း၊ စိုးမိုးနေပါတယ်...
ချစ်လေးရယ်..။

*****
ကိုမျိုး ( မိုးညှင်း )