ချစ်သူ.....
နာရီတွေပြောင်း ရက်တွေနှောင်းလို့မေ့နေမှာ စိုးတယ်....
ရေမြေတွေခြား တစ်နေရာစီဝေးကွာလို့
မေ့နေမှာကို စိုးတယ်.......
ကမ်းလက်တွေ လှမ်းလို့မမှီနိုင်လို့
မေ့နေမှာကို စိုးတယ်......
အချိန်တွေ ဘယ်လိုပဲပြောင်း
နေရာတွေ ဘယ်လိုပဲဟောင်း
မတွေ့နိုင်အောင် ကွာဝေးပြီး
မကြားနိုင်အောင် မနီးစပ်သေးရင်တောင်မှ
တစ်နေ့နေ့ ချစ်သူ့ရင်ခွင်မှာ..
နားခိုခွင့်ရမယ်ဆိုတာယုံကြည်နေတယ်..ချစ်သူ။
*******************
Nenhum comentário:
Postar um comentário