လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက်ရဲ့ ပြင်ဆင်နေထိုင်ပုံတွေကြောင့် ပိုမို တင့်တယ်တောက်ပ သွားတတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်
ပါတယ်။
၁။ မတ်မတ်ရပ်ပါ
မတ်မတ် ရပ်တာက သင့်ကို စမတ်ကျကျ ကြည့်ကောင်းစေတဲ့ အပြင် ကျောရိုးမကြီးကိုလည်း ပျော့ပျောင်း သန်စွမ်းကာ ဖြောင့်မတ်စေပါတယ်။ တကယ်လို့ မတ်မတ် ရပ်ရတာကိုညောင်းညာတယ်လို့ ခံစား လာရရင် ဒူးတွေကို အနည်းငယ် ကွေးပြီး ခြေထောက် နှစ်ချောင်းကို အနည်းငယ် ခြားကာ ရပ်ပါ။
ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပြီး ပခုံးတွေကို အနားပေးကာ
ဦးခေါင်းနဲ့ လည်ပင်းကို ပခုံးနဲ့ တစ်တန်းတည်း ထားပေးဖို့ လိုပါတယ်။
၂။ မကြာခဏ ရယ်မောပါ
ရယ်မောတာကြောင့် ဖိစီးမှု နဲ့ စိတ်ပင်ပန်းမှုတို့ လျော့ပါးပြီး ခန္ဓာကိုယ် တင်းအားတွေ ကို လျော့ကျစေ ပါတယ်။ ရယ်မောတာဟာ နှလုံးရောဂါ ထနိုင်ခြေကို ၄ဝရာခိုင်နှုန်း လျော့ကျစေပြီး သွေးတွင်း သကြားဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တယ် လို့ လေ့လာမှုတွေက ဆိုပါတယ်။
၃။ အကောင်းမြင်ပါ
ဘဝမှာ နေထိုင်ရင်း တွေ့ကြုံလာ သမျှ အကောင်းအဆိုးတို့ကို အကောင်းဘက်က
လှည့်တွေးပြီး မြင်ကြည့်ပါ။ ဘဝမှာ နေထိုင်ရတာ ပိုပျော်လာပြီး သင့်ရုပ်လည်း ပို ကြည်လင်လာမှာ
ဖြစ်ပါတယ်။
၎။ ကျေးဇူးစကား ဆိုပါ
ကျေးဇူးတင်ရမယ့် သူတွေကို ကျေးဇူးတင်တယ်လို့ တွေးတာက အကောင်းမြင်
် ခံစားမှုကို တိုးစေပြီး နာကျင်မှု နဲ့ ညောင်းညာမှု တို့ကို လျော့ကျစေ ပါတယ်။
ဒါ့အပြင် ကျောင်းနဲ့ အလုပ်မှာပါ စွမ်းဆောင် နိုင်စွမ်း မြင့်တက်စေ ပါတယ်။
ကျေးဇူးတင်တတ်တဲ့ စိတ်ထားကြောင့် တခြားသူတွေနဲ့ ပေါင်းသင်းရတဲ့အခါ
ပိုမို အဆင်ပြေ နေပါလိမ့်မယ်။
၅။ ပျော်ရွှင် ကြည်နူးမှု ရှာဖွေပါ
ငြီးငွေ့နေတဲ့ အချိန်မှာ ကခုန်တာ၊ သီချင်း နားထောင်တာ၊ စာဖတ်တာ၊ ပန်းချီ ဆွဲတာ
စတဲ့ သင်ကြိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးပါ။ အဓိက ကတော့ ကလေး တစ်ယောက်လိုအပြစ်ကင်းတဲ့ ပျော်ရွှင်မှုကို ရရှိဖို့ပဲ ဖြစ်ပါတယ်။
အဲဒီ အခါ စိတ် အပန်းပြေပြီး လန်းဆန်း ပေါ့ပါးတဲ့ ခံစားချက်ကို
ရရှိလာပါလိမ့်မယ်။
၆။ ရက်ရောပါ
လူမှုရေး ကိစ္စတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်တာ၊ တန်ဖိုးရှိတဲ့ အရာတွေကို
လှူဒါန်းတာ ..စတဲ့ ဖေးမ ကူညီမှုတွေကို လုပ်ဆောင် ပေးတာက ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတုပစ္စည်းတွေကို ထွက်ရှိနှုန်း ကောင်းစေပါတယ်။
၇။ မျှမျှတတ ရပ်တည်ပါ
လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါ လူသား တစ်ဦးချင်းစီကို တန်ဖိုးထားပြီး ဆက်ဆံပါ။
အထူးသဖြင့် တခြားသူတွေကို ရိုသေ လေးစားတဲ့ စိတ်နဲ့ ပေါင်းသင်းပြီး ကိုယ့်ကိုယ်ကိုယ်လည်းတန်ဖိုးထားပါ။ အပြန်အလှန် အနေနဲ့ သင့် ပတ်ဝန်းကျင်က အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ကလည်း သင့်ကို ပြန်လည် လေးစား တန်ဖိုးထား လာပါလိမ့်မယ်။
***********************

Nenhum comentário:
Postar um comentário