- လာချင်ရင်၊ အနီးလေးပါတဲ့....
Snow Lay ပြောဘူးတယ်နော်။
တကယ်သာ၊ ကိုယ်လာရင်တော့ဖြင့်..
မင်းလေး ဆက်ဆက်၊ ကြိုလှည့်မှာလားကွယ်။
- ရောဂါတော့၊ ပျောက်စေချင်ပါတယ်တဲ့....
Snow Lay ပြောခဲ့သေးတယ်နော်။
တကယ်တမ်းပျောက်စေချင်ရင်ဖြင့်..
ကိုယ့်ကို၊ လာတိုက်ကျွေးလှည့်ပါတော့ကွယ်။
- လွယ်လွန်းရင်၊ မကောင်းဘူးတဲ့....
Snow Lay ဆိုခဲ့တယ်နော်။
တကယ်တော့ ကိုယ့်အတွက်လေ..
နာရီ၊ စက္ကန့်တွေ အလီလီဖြတ်သန်းနေရသော်လည်းပဲ..
အချစ်သစ္စာ၊ ဘယ်ခါမပျက်....
တစ်ရစ်ထက် တစ်ရစ်တိုး.. ချစ်လို့သာနေရင်းနဲ့
အရာရာ Snow သဘောအတိုင်းသာ ကိုယ်လိုက်လျောပေးနေမှာပါလေ....။************
Nenhum comentário:
Postar um comentário