30 de dez. de 2011
မနေ့ကဆောင်း...
ရွက်ကြွေသမျှ
မျက်ရည်မကျခဲ့ပါ ။
ရွက်ဟောင်းသမျှ
ရင်နှောင်းလလွန်
  မျက်ရည်သွန်းဖျန်း
မလွမ်းခဲ့ပါ ။
နွေဟူသမျှ
ပူရမှန်းမသိ
ပကတိအသည်း
ရင်ထဲဟောက်ပက်
အနေခက်မှ
နွေရက် .. အကြွေ
နှင်းမှုံဝေအား
ရင်ကိုထွေးတဲ့
ဆောင်းလေပြေသွေ့
ထိုတနေ့ကို
သတိရလို့ ၊ ငိုမိတယ်.......
တမ်းတမိလို့ ၊ လွမ်းဖြစ်တယ် ။
မောင်လှမျိုး(ချင်းချောင်းခြံ)...
5 de out. de 2011
ချစ်သူတို့တွင် မရှိသင့်သောအချက်များ...
၁ ။ မိမိချစ်သူ၏ ကိစ္စများကို အရေးကြီးသည်ဟုမထင်ပဲ ငါ့ကိစ္စသာလျှင်အရေးကြီးတယ် သူ့ကိစ္စက ရွေ့လို့ ရပါ တယ် ကွာ စသဖြင့် အရေးမကြီးသလို လစ်လျှူ ရှု တတ်ခြင်း ။
၂ ။ မိမိချစ်သူနှင့် အတူရှိနေစဉ်အတွင်းတွင် အလိုက်ကမ်းဆိုးမသိပဲ သူငယ်ချင်းကိစ္စများအကြောင်း ၊ အလုပ် ကိစ္စ များအကြောင်း ၊ ဘလော့များအကြောင်း ရေပက်မ၀င်အောင်ပြောဆိုတတ်ခြင်း ။
၃ ။ အကြောင်းတစ်စုံတစ်ခုကြောင့် ဘာမဟုတ်တာလေးနှင့် တင်းမာကြပြီဆိုလျှင် သူက ယောင်္ကျားလေးပဲ စချော့ပေါ့ ၊ သူက မိန်းကလေးပဲ ချစ်သူကိုနွေးထွေးရကောင်းမှန်းမသိဘူးလား အလကားနေ အတိုက်အခံ လုပ်နေ တယ်စသဖြင့် အလျော့မပေးတတ်ခြင်း ။
၎ ။ မိမိချစ်သူနှင့် ချိန်းတွေ့စဉ်အတွင်း မိဘမောင်နှမအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုခြင်း ( သူ့အိမ်က အမျိုးတွေကို ငါ့ထက်ပိုချစ် ပိုခင်တွယ် တယ် စသဖြင့် အထင်လွဲခံရနိုင်ပါတယ် ။ )
၅ ။ မိမိချစ်သူက တစ်ခုခုကို အထင်လွဲနေသည့်အခါ နားလည်အောင်ရှင်းပြဖို့မကြိုးစားပဲ သူငါ့ကိုတ ကယ်ချစ် တယ်ဆိုရင် ငါ့ကို အထင်လွဲစရာမလိုပါဘူး နားလည်ပေးရမှာပေါ့ ဒါငါ့ကို တကယ်မချစ်လို့ အထင်လွဲတာပဲ စသဖြင့် အပြိုင်တင်းမာတတ်ခြင်း ။
၆ ။ မိမိချစ်သူနှင့် ဆုံတွေ့စဉ် နွေးထွေးကြင်နာသော စကားများမပြောဆိုပဲ အေးတိအေးစက်နေထိုင်တတ်ခြင်း ။
၇ ။ ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို ဂရုမပြုမိသည့်အတွက် တစ်ဖက်သားအတွက် ကြီးစွာသော စိတ် ဒါဏ် ရာကို ရစေတတ်ခြင်း ။
၈ ။ မိမိချစ်သူနှင့် ရှေ့ရေးအနာဂါတ်အကြောင်းအရာများကို မတိုင်ပင်ပဲ ချစ်သူဘ၀ တွင်သာနေ လိုပြီး ရှောင် ပတ်ဝေ့နေတတ်ခြင်း ။
၉ ။ တစ်ဖက်သား၏ စိတ်အလိုဆန္ဒ ၊ တောင့်တမှု ၊ မျှော်လင့်ချက် ၊ စသည်တို့ကို သိရှိအောင် မလုပ်ပဲ ကိုယ့်အတ္တကိုယ်သာ ရှေ့တန်းတင်တတ်ခြင်း ။
၁၀ ။ မိမိချစ်သူအား ဒါတွေလုပ်ရမယ် ၊ ဒါတွေမလုပ်ရဘူး ၊ ဒီလူတွေနဲ့မခေါ်ရဘူး ၊ ဒီကိုမသွားရဘူး ၊ ဒီwebsite က ထွက် ရမယ် ၊ ဒီ account မသုံးရဘူး စသဖြင့် အမိန့်ပေါင်းများစွာ ပေးတတ်ခြင်း ( သူဟာ ငါ့ကိုချစ်တော့ ချစ် တာပေါ့ ဒီလောက်တောင်ချုပ်ချယ်တာတော့မကောင်းပါဘူး ငါ့မှာလွတ်လပ်မှုမရှိတော့ဘူး စသဖြင့် ချစ်သူရဲ့ အထင်လွဲမှုကို ခံရနိုင်ပါတယ် ။ )
၁၁ ။ မိမိချစ်သူ gtalk account ချက်မေလ်း ၊ block list စသည်တို့အား မွှေနှောက်ရှာဖွေပြီး (ဘယ်သူတွေ နဲ့ချက်ထားလဲ သူချက်တာ ငါတွေ့မှာစိုးလို့ ဘယ်သူတွေကို များ ပြန် block ထားပြီး ဘယ် ချက်မေလ်းတွေကိုများ ဖျက်ထားပါလိမ့် စသဖြင့် သံသယများစွာ ထားရှိခြင်း ။ ( ကိုယ်ချစ်သော သူအပေါ် သံသယ ထားရှိခြင်းဟာ ကိုယ့်ရဲ့အကြီးမားဆုံး သော ဆုံးရှုံးမှုသာလျှင်ဖြစ်ပြီး အလွန်မိုက်မဲသော အပြုအမူ တစ်ခုဖြစ်တယ် )
အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ် ။ ယနေ့အချစ်ကြီးချစ်ကြပေမယ့် နက်ဖြန်မှာ အမုန်းကြီး မုန်းသွားနိုင်တယ် ။ ရယူလိုမှု ၊ ပိုင်ဆိုင်လိုမှု ၊ စိတ်တိုင်းမကျမှု ၊ သံသယ နဲ့ ဒေါသတွေ က အေးမြဖြူ စင်တဲ့အချစ်ကို ပူလောင်တဲ့ စိတ်ညစ်စရာအချစ် ဖြစ်သွားစေနိုင်တယ် ။ ရိုးရိုးလေးပဲတွေးပါ ။ ဖြူဖြူစင်စင်ပဲချစ်ပါ ။ အတ္တ နဲ့ မကောင်းမြင်စိတ်တွေ မပါပါစေနဲ့ ။ အတူရှိနေစဉ်မှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဖို့လိုတယ် ။ အရာရာ မှာ မရေရာ သေချာမှုမရှိတဲ့ လောက ၊ နေ့မြင်ညပျောက် ဘ၀ကြီးမှာ အချစ်အတွက်နဲ့ အနစ်မွမ်းခံပြီး ကိုယ့်စိတ် ကိုယ်မနှိပ်စက်ပါနဲ့ ။ လွတ်လပ်ခွင့်ပေးထားပါ ။ အချစ်ဆိုတာ ချုပ်ချယ်ဖို့မဟုတ်သလို အတူနေမှ ပြီးပြည့်စုံတာ လည်းမဟုတ်ဘူး ။ ကိုယ်လည်းသူ့ကို ချစ်နေမယ် ၊ သူလည်းကိုယ့်ကိုချစ်နေမယ် ။ ကျန်တာဘာမှမလိုပါဘူး ။ ဒီစိတ်ဝိဥာဉ်ပေါင်းစပ်မှုကိုတော့ ဘယ်အတားအဆီးမှ မဖျက်ဆီးနိုင်ဘူး ။
အချစ်ဆိုတာကို နားလည်သဘောပေါက်ပြီး အချစ်အတွက်ပူလောင်မှုတွေကင်းဝေးပြီး အေးချမ်းမှုတွေ ရရှိနိုင်ကြ ပါစေ ။
                                 ************************
18 de set. de 2011
မြတ်နိုးခွင့်လေး ပေးပါနော်.....
ကိုယ်လေ သိပ်ချစ်ပါတယ်
မြတ်နိုးရပါတယ် ဆိုတဲ့....
ချစ်ရသူလေးရယ်...
ကိုယ့်အတွက်တော့လေ...
မင်းလေးနဲ့ဝေးနေရခြင်းတွေနဲ့အတူ...
သတိရခြင်း..
တမ်းတရခြင်း..
လွှမ်းဆွတ်ရခြင်း..
မျှော်လင့်ရခြင်း တွေအပြည့်နဲ့
ကိုယ့်ဘ၀က မင်းလေးပါ။
ဒီလို မြတ်နိုးတွယ်တာနေရတဲ့..
ချစ်ရဆုံးသူ မင်းလေးကို
တစ်ပါးရင်ခွင် တစ်ခြားဆီမှာ..
မကြား၊ မမြင်ပါပဲ
ကိုယ်တစ်ယောက်ထဲ ကိုပဲ
မြတ်နိုးခွင့်ပေးပါ ကွာ..နော်။
*********
11 de set. de 2011
အဖိုးတန်မြန်မာမိန်းကလေးစိတ်..............
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့
ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့
အပြုအမူ၊သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့
နှလုံးသားတစ်စုံရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို
ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို
မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။
တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။
မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ
နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့
ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ
ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊
လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့
ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊
ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ
ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့
ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာ
သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို
  ချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊
သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ
ချစ်ခြင်းမေတ္တာရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊
ကြင်နာတဲ့
အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး
တန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို
မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း
ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ
ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ
မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က
မိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး
နားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။
မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့
မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့
ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့
ကျွန်မတို့  သိမ်ငယ်စရာမလိုဘူး။
စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်
လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊
ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊
ကျင့်ကြံနိုင်ပါတယ်။
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ
ရှင်သန်နေထိုင်သင့်တယ်။
                         ***********************
တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနားလည်မှူတွေ ပေးကြမလဲ...။
 အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ
 ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို
အပြည့်အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ်ကရောဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။
မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ့  အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်
နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။
      မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလဲ" လို့ မေးရင် “ဘာမှမဖြစ်ဘူး” လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့ ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့ ပြန်ဖြေမှာပါပဲ။
ယောက်ျားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောက်ျားတစ်ယောက်ကိုသူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။
     မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေအားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့ ၀မ်းနည်း ငိုကြွေးရင် မှီတွယ်စရာပုခုံးတစ်ဖက် ကို အလိုရှိတာပါပဲ။ မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။ ယောက်ျား
တစ်ယောက်ကြောင့် လုံခြုံမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ့ စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
    ယောက်ျားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့  လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောက်ျားဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀ ကိုဦးဆောင်တဲ့ ယောက်ျားတစ်ယောက်   ဖြစ်လာပါတယ်။ယောက်ျားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘ၀မှာ ချစ်သူ အမျိုးသား မပါဘဲ အောင်မြင်နိုင်တဲ့  အမျိုးသမီး ဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကိုအားကိုးတဲ့ ၊ အစစ အရာရာ အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ယောက်ျားတစ်ယောက်ရဲ့ စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့် ယောက်ျား တစ်ယောက်ဟာမိန်းမတစ်ယောက်ရဲ့  ဘ၀မှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောင်္ကျားဟာ  တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေအချာပါပဲ။
        မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောက်ျားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို ဘ၀မှာ လက်တွဲ လိုပါတယ်။ မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့ ဆိုတာက သူမ တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင် လုံလောက်ပါပြီ။
    ချစ်သူ အမျိုးသားရဲ့  ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘ၀မှာ ခွန်အားပါပဲ။ဒါပေမယ့်
အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘ၀မှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသားရဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ ကြောက်ရွံ့  မှုတွေ၊ သူမရဲ့ ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။  သူမငိုချင်ရင်အချိန်မရွေး သူမငိုနိုင်ပါတယ်။
    ယောက်ျားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် ၀မ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့  မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ ဆိုသလိုခံစားရပေမယ့်  ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး ။ယောက်ျားတွေဟာ  ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့်ဆက်ဆံရေးတစ်ခုမှာ ယောက်ျားတွေရဲ့  အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။ပညာတတ်၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောက်ျားရဲ့စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့ မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာပါပဲ။တကယ်တန်း မချစ်လို့ မဟုတ်ဘဲယောင်္ကျားတစ်ယောက် ရဲ့ တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ မပွင့်လင်းမှုတွေကြောင့် ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့  စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောက်ျားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောက်ျားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကိုသာ အလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမကို ချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ၀တ်တဲ့အ၀တ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်း စကားလေးတွေ ပြောဖို့ လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘ၀အတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘ၀အတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘ၀ တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ။
                             *********************************
အချစ်၊ အမုန်းဆိုတဲ့အရာကို ဘယ်လို ထိန်းချုပ်ကြမလဲ....
သတ္တဝါတွေဟာ တွယ်တာမိပြီဆိုရင် တစ်စုံတစ်ယောက်အပေါ်မှာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ခုအပေါ်မှာပဲ ဖြစ်ဖြစ် အလွန်အကျွံ တွယ်တာမိတတ်ကြပါတယ်။ တွယ်တာမှုဆိုတာက ချစ်ရင်လည်း တွယ်တာတတ်သလို မုန်းရင်လည်း တွယ်တာတတ်ပါတယ်။ အဲဒီလို ချစ်တဲ့အရာတွေ အပေါ်မှာ တသသဖြစ်နေတတ်၊ မုန်းတဲ့အရာတွေအပေါ်မှာ ခဏခဏဖြစ်နေတတ်တဲ့ တွယ်တာမှုမျိုးကိုပဲ ဒီနေရာမှာ သံယောဇဉ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီသံယောဇဉ်ဟာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဖြစ်များတာနဲ့အမျှ ဒုက္ခများနေကြမှာ ဖြစ်ပါတယ်။ ချစ်တာလည်း သံယောဇဉ် မုန်းတာလည်း သံယောဇဉ် ဖြစ်တဲ့အတွက် အချစ်ရှိရင်လည်း ဆင်းရဲနေမှာဖြစ်ပြီး အမုန်းရှိရင်လည်း ဆင်းရဲနေမှာ ဖြစ်ပါတယ်။ အချစ်အမုန်းဟာ အလွန်အကျွံဖြစ်လာပြီဆိုရင် အချစ်များတာနဲ့အမျှ အပြစ်လည်း များနေကြမှာ ဖြစ်ပြီး အမုန်းများတာနဲ့အမျှ အရှုံးလည်း များနေကြမှာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အပြစ်များပြီး အရှုံးများကြတယ်ဆိုတာ အချစ်အမုန်းဆိုတဲ့ သံယောဇဉ် တရားကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုတော့ကား အချစ်အမုန်း သံယောဇဉ် မကင်းသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီသံယောဇဉ်တွေကို အကြွင်းမဲ့ မပယ်သေးနိုင်ပေမယ့် နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်တောင့်သက်သာ ရှိစေဖို့ အချစ်အမုန်းတွေကို လျော့ချကြဖို့တော့ လိုပါတယ်။ လူဆိုတဲ့သဘောက ကိုယ့်ကိုသူများက အချစ်သံယောဇဉ်ထားတာ ကြိုက်သလို ကိုယ်ကြိုက်တဲ့သူအပေါ် ကိုယ်ကအချစ်သံယောဇဉ် ထားနေရတာကိုလည်း ကျေနပ်နေတတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် အမုန်းသံယောဇဉ်ကိုတော့ ကိုယ့်အပေါ်မှာ သူများက ထားတာကို မလိုချင်ပေမယ့် ကိုယ်ကတော့ သူများအပေါ် မုန်းလိုက်ရတာကိုပဲ ဂုဏ်ယူနေတတ်ပြန်ပါတယ်။ သေချာတွေးကြည့်တော့ ကိုယ်က တစ်စုံတစ်ယောက်အပေါ် အချစ်သံယောဇဉ် ထားလိုက်တာပဲ ဖြစ်ဖြစ်၊ အမုန်းသံယောဇဉ်ထားလိုက်တာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ကိုယ့်အတွက်တော့ ကြာလေဆင်းရဲလေ၊ များလေဆင်းရဲလေပဲ ဖြစ်နေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အချစ်ကြီးလို့ပဲဖြစ်ဖြစ်၊ အမုန်းကြီးလို့ပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ် ဆိုတာ မရှိပါဘူး။ ရှိရင်လည်း အခိုက်အတန့်ပဲ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေရဲ့ အဆုံးမှာတော့ အရှုံးတွေနဲ့ပဲ ကြုံတွေ့ရတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် သံယောဇဉ်ဆိုရင် ချစ်တာပဲဖြစ်ဖြစ်၊ မုန်းတာပဲဖြစ်ဖြစ် နှစ်ခုလုံးဟာ အဆုံးမှာတော့ အပြစ်အရှုံးတွေနဲ့ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အမုန်းမကင်းသေးတဲ့ သူတွေအနေနဲ့ ဒီသံယောဇဉ်ကို အကုန်လုံး မပယ်သေးနိုင်တောင်မှ သတိတရား လက်ကိုင်ထားပြီး တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ အချစ်အမုန်းကို အတတ်နိုင်ဆုံး တစ်စတစ်စ လျော့ချနိုင်အောင် အချစ်အမုန်းအစား မေတ္တာတရား၊ ဒါမှမဟုတ် ဥပေက္ခာတရားနဲ့ အစားထိုးကာ ကြိုးစားပွားပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်သာ လေ့ကျင့် နေထိုင်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။
ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ
အချစ်များက အပြစ်များ၍
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍
မေတ္တာ (ဥပေက္ခာ)နှလုံး ကျင့်ကာသုံးသည့်
အဖြူစင်ဆုံး ဤကျင့်ထုံးကား
အပြစ်လည်းကင်း အရှုံးကင်းမည့်
မချစ်မမုန်း အကောင်းဆုံးတည်း။ ။
7 de set. de 2011
ရည်းစား နှင့် ချစ်သူ....
        ရည်းစားဆိုတာ ..........။
* ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
* ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
* ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
* ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......
              ချစ်သူဆိုတာ .............။
* လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
* ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊ မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
* ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိပေမယ့်......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
ကိုယ့်ကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
* ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ နားလည် ပေးနိုင်တယ်၊ ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
* သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင် ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီး ဘဝကိုတည်ဆောက်ကြတာပေါ့.......
ချစ်တတ်သူတိုင်း...
အချစ်ဖြင့်ပြီးပြည့်ဆုံသောဘ၀များကို အတူတူပိုင်ဆိုင်နိုင်ကြပါစေ ...
6 de set. de 2011
ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ ....။
            သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
အချစ်မြေပုံ
ဘ၀အဖော်ကို ရွေးချယ်တာ နဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာ နဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံ လို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကို လည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။
မိခင် နှင့် တူသော  ချစ်သူ
အမျိုးသား အများစု ရဲ့ ဘ၀အဖော်တွေက သူတို့ မိခင်ရဲ့ စိတ်ဓာတ် နဲ့ တူညီ နေတတ် ပါတယ်။ အကြောင်း ကတော့ လူတွေရဲ့ ဘ၀မှာ ပထမဆုံး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဟာ မိခင်ဆီက ရရှိတာ ဖြစ်တယ် ဆိုတဲ့ အသိစိတ်ကို အချစ် မြေပုံ ထဲမှာ သိုမှီး ထားတာကြောင့် ပါပဲ။ ကျွန်တော်တို့ တစ်တွေ ကလေးဘ၀ ကတည်းက မိခင်တွေရဲ့ အထူး ဂရုစိုက်မှုကို ခံခဲ့ရ ပါ တယ်။ ဒါဟာ စစ်မှန်တဲ့ ဘ၀အဖော်ကို ရှာဖွေနိုင်ဖို့ သဲလွန်စ ပေးတာ ပါပဲ။ မိခင်က နွေးထွေး ကြင်နာပြီး စိတ်ထားကောင်းရင် သူ့သားဟာ အဲဒီလို ကြင်ဖက်မျိုးကို ရရှိနိုင်ခြေ များပါတယ်။ အဲဒီလို မဟုတ်ဘဲ မိခင်မှာ စိတ်ဓာတ် ကျနေတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး အရာရာကို ဆန့်ကျင် တတ်တဲ့ ပုံစံ ရှိခဲ့ရင် သားဖြစ်သူဟာ လက်ထပ်ဖို့ကို ကြောက်ရွံ့ နေနိုင် ပါတယ်။
ဆန့်ကျင်ဘက်လိင်အပေါ်    စွဲလမ်းမှု 
မိခင်တွေက သားယောက်ျားလေး အပေါ် လွမ်းမိုးမှု ရှိနေသလိုပဲ  ဆန့်ကျင်ဘက် လိင်ကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတဲ့ အချက် ကတော့ ဖခင်အပေါ်မှာ မူတည် နေပါတယ်။ ဖခင်ရဲ့အခန်း ကဏ္ဍဟာ သားသမီးတွေ ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အိမ်ထောင်ရေး ပျော်ရွှင်မှု အခွင့်အလမ်းတွေ အပေါ်မှာ အများကြီး အရေးပါနေ ပါတယ်။ မိခင်တွေက သားယောက်ျားလေး တွေရဲ့ ဘ၀အဖော် အပေါ် ခံစားချက်ကို လွှမ်းမိုးမှု ရှိနေ သလိုပဲ သမီးတွေရဲ့ အမျိုးသား ရွေးချယ်မှု အပေါ် ခံစားမှုက ဖခင်ရဲ့ လွှမ်းမိုးမှုကို ခံရ ပါတယ်။ တကယ်လို့ ဖခင်က သမီးကို ချစ် ကြင်နာပြီး တန်ဖိုးထားရင် သူ့အနေ နဲ့ ယောက်ျားလေးတွေ နဲ့ ပတ်သက်ပြီး သူ့ ကိုယ်သူ ယုံကြည်မှု ရှိနေတတ် ပါတယ်။ ဖခင်ရဲ့ လျစ်လျူရှုမှု ကို ခံရရင်တော့ သူ့ကိုယ်သူ ချစ်စရာ မကောင်းတဲ့သူ လို့ ထင်နေတတ် ပါတယ်။
လိုအပ်ချက်ကို    ဖြည့်ဆည်း ပေးမည့် သူ  
လက်ထပ်တဲ့ အခါမှာ စုံတွဲ အများစုဟာ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမယ့်သူကို ရှာဖွေ လေ့ရှိပါတယ်။ စကားများများ ပြောတတ် တဲ့သူက နားထောင်ပေးမယ့် ချစ်သူကို သဘောကျပြီး စိတ်တို တတ်တဲ့သူက သည်းခံ နားလည်ကာ အကောင်းမြင် တဲ့သူကို ချစ်တတ်ပါတယ်။  စုံတွဲတွေမှာ အများအားဖြင့် လူမှုရေး အခြေအနေ တွေက တူညီ နေတတ်ပါ တယ်။ ဒါကြောင့် တစ်ကျောင်း တည်းနေ သူငယ်ချင်းတွေ၊ တစ်မြို့တည်း နေသူ တွေ၊ အလုပ်တစ်ခု တည်းမှာ လုပ်ကိုင်ကြသူ တွေက အိမ်ထောင်ဖက်တွေ ဖြစ်သွား ကြတာ ပါပဲ။ တချို့စုံတွဲတွေ ဆိုရင် မိန်းမက စီးပွားရှာပြီး ခင်ပွန်းက အိမ်မှုကိစ္စ လုပ်ကာ ကလေးတွေကို ပြုစု ပျိုးထောင်တာမျိုး လည်း ရှိပါတယ်။ အိမ်ထောင်တစ်ခု မှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးရဲ့အားသာချက် နဲ့ ဖြည့်ဆည်း ပေးလိုက်ရင် အဆင်ပြေတာ ပါပဲ ဆိုတာ ဒီ ဇနီးမောင်နှံတွေ က သက်သေပြ နေတာပါ။
မြင်မြင်ချင်း  အချစ်
သူစိမ်း နှစ်ဦးဟာ မြင်မြင်ချင်း ချစ်နိုင် ကြပါ့မလား။ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ဟာ ရုပ်ရည်ချင်း ဆင်ခဲ့ရင်၊ အကြိုက်တူ ခဲ့ရင်၊ ကိုယ်ရည်ကိုယ်သွေး တူ ခဲ့ရင် တစ်ယောက် နဲ့ တစ်ယောက် မြင်မြင်ချင်း တွယ်တာ သွားတတ် ပါတယ်။ အထူးသဖြင့် စာဖတ်ရတာ ၀ါသနာ ပါသူတွေမှာ ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ အကြောင်း ဆွေးနွေးရင်း တစ်ဦး နဲ့ တစ်ဦး သဘောကျ သွားတတ် ပါတယ်။  ချစ်ခြင်းတရားဟာ ကျွန်တော်တို့ရဲ့ စိတ်ကို ပူလောင်မှု နဲ့ အတူ ပျော်ရွှင်မှု၊ စိတ် ချမ်းသာမှု၊ ကြည်နူးမှု ၊ ပြည့်စုံမှု နဲ့ ကျန်းမာရေး ကောင်းမွန်မှု စတဲ့ အချက် တွေကို ပေးစွမ်း နိုင်ပါတယ်။ ချစ်ခြင်းတရား အပေါ် ထားရှိတဲ့ သဘောထား အပေါ် မူတည်ပြီး အရသာ အမျိုးမျိုးကို ပြောင်းလဲ ခံစားရ မှာပဲ ဖြစ်ပါတယ်။
                             **************************
5 de set. de 2011
ချစ်သူ...
 ချစ်သူ..
 ချစ်သူအဖြစ် ဆုံးဖြတ်တော့မယ်ဆိုရင်
အကြောင်းမသိတသိ အချိန်မှာ ဆုံးဖြတ်ပါ။
အကြောင်းသိသွားရင်
ချစ်ဖြစ်ချင်မှ ချစ်ဖြစ်နိုင်လိမ့်မယ်။
My Love..
If you consider me as your lover
Do it when you know me indistinctly.
If you know too much
It may happen you cannot love me.
ပင်ကိုယ် အလှ ဟူသည်.....
               လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက်ရဲ့  ပြင်ဆင်နေထိုင်ပုံတွေကြောင့် ပိုမို တင့်တယ်တောက်ပ သွားတတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။
  ၁။ မတ်မတ်ရပ်ပါ
မတ်မတ် ရပ်တာက သင့်ကို စမတ်ကျကျ ကြည့်ကောင်းစေတဲ့ အပြင် ကျောရိုးမကြီးကိုလည်း ပျော့ပျောင်း သန်စွမ်းကာ ဖြောင့်မတ်စေပါတယ်။  တကယ်လို့ မတ်မတ် ရပ်ရတာကိုညောင်းညာတယ်လို့ ခံစား လာရရင် ဒူးတွေကို အနည်းငယ် ကွေးပြီး ခြေထောက် နှစ်ချောင်းကို အနည်းငယ် ခြားကာ ရပ်ပါ။
ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပြီး ပခုံးတွေကို အနားပေးကာ
 ဦးခေါင်းနဲ့ လည်ပင်းကို ပခုံးနဲ့ တစ်တန်းတည်း ထားပေးဖို့ လိုပါတယ်။
  ၂။ မကြာခဏ ရယ်မောပါ
ရယ်မောတာကြောင့် ဖိစီးမှု နဲ့ စိတ်ပင်ပန်းမှုတို့ လျော့ပါးပြီး ခန္ဓာကိုယ် တင်းအားတွေ ကို လျော့ကျစေ ပါတယ်။  ရယ်မောတာဟာ နှလုံးရောဂါ ထနိုင်ခြေကို ၄ဝရာခိုင်နှုန်း လျော့ကျစေပြီး သွေးတွင်း သကြားဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တယ် လို့ လေ့လာမှုတွေက ဆိုပါတယ်။
  ၃။ အကောင်းမြင်ပါ
ဘဝမှာ နေထိုင်ရင်း တွေ့ကြုံလာ သမျှ အကောင်းအဆိုးတို့ကို အကောင်းဘက်က
လှည့်တွေးပြီး မြင်ကြည့်ပါ။ ဘဝမှာ နေထိုင်ရတာ ပိုပျော်လာပြီး သင့်ရုပ်လည်း ပို ကြည်လင်လာမှာ
 ဖြစ်ပါတယ်။
  ၄။ ကျေးဇူးစကား ဆိုပါ
ကျေးဇူးတင်ရမယ့် သူတွေကို ကျေးဇူးတင်တယ်လို့ တွေးတာက အကောင်းမြင်
် ခံစားမှုကို တိုးစေပြီး နာကျင်မှု နဲ့ ညောင်းညာမှု တို့ကို လျော့ကျစေ ပါတယ်။
ဒါ့အပြင် ကျောင်းနဲ့ အလုပ်မှာပါ စွမ်းဆောင် နိုင်စွမ်း မြင့်တက်စေ ပါတယ်။
ကျေးဇူးတင်တတ်တဲ့ စိတ်ထားကြောင့် တခြားသူတွေနဲ့ ပေါင်းသင်းရတဲ့အခါ
 ပိုမို အဆင်ပြေ နေပါလိမ့်မယ်။
  ၅။ ပျော်ရွှင် ကြည်နူးမှု ရှာဖွေပါ
ငြီးငွေ့နေတဲ့ အချိန်မှာ ကခုန်တာ၊ သီချင်း နားထောင်တာ၊ စာဖတ်တာ၊ ပန်းချီ ဆွဲတာ
 စတဲ့ သင်ကြိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးပါ။ အဓိက ကတော့ ကလေး တစ်ယောက်လိုအပြစ်ကင်းတဲ့ ပျော်ရွှင်မှုကို ရရှိဖို့ပဲ ဖြစ်ပါတယ်။
အဲဒီ အခါ စိတ် အပန်းပြေပြီး လန်းဆန်း ပေါ့ပါးတဲ့ ခံစားချက်ကို
ရရှိလာပါလိမ့်မယ်။
   ၆။ ရက်ရောပါ
လူမှုရေး ကိစ္စတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်တာ၊ တန်ဖိုးရှိတဲ့ အရာတွေကို
 လှူဒါန်းတာ ..စတဲ့ ဖေးမ ကူညီမှုတွေကို လုပ်ဆောင် ပေးတာက ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတုပစ္စည်းတွေကို ထွက်ရှိနှုန်း ကောင်းစေပါတယ်။
  ၇။ မျှမျှတတ ရပ်တည်ပါ
လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါ လူသား တစ်ဦးချင်းစီကို တန်ဖိုးထားပြီး ဆက်ဆံပါ။
အထူးသဖြင့် တခြားသူတွေကို ရိုသေ လေးစားတဲ့ စိတ်နဲ့ ပေါင်းသင်းပြီး ကိုယ့်ကိုယ်ကိုယ်လည်းတန်ဖိုးထားပါ။ အပြန်အလှန် အနေနဲ့ သင့် ပတ်ဝန်းကျင်က အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ကလည်း   သင့်ကို ပြန်လည် လေးစား တန်ဖိုးထား လာပါလိမ့်မယ်။  
                             ***********************
လူတိုင်းမှာ ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်တော့ ရှိနေမှာပါ....
တစ်ခါက ရထားတွဲတစ်ခုပေါ်မှာ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်မိတာက နုနုငယ်ငယ် ဇနီးမောင်နှံနှစ်ဦးဖြစ်တယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက သူတို့ရဲ့အခြေအနေကို ခန့်မှန်းရခက်စေခဲ့တယ်။ ယောက်ျားဖြစ်သူက ညှင်းသိုးသိုးပုံစံနဲ့၊ မျက်လုံးက တစ်ဖက်ကြီး တစ်ဖက်ငယ်နဲ့ ကြည့်ရတာ ရုပ်သိပ်သန့်မနေခဲ့ဘူး။ မိန်းမဖြစ်သူရဲ့ရုပ်ရည်က ပိုလိုဆိုးနေခဲ့တယ်။ နှဖူးကချိမ့်ဝင်ပြီး ပါးနှစ်ဖက်က ရွတ်တွနေခဲ့တယ်။ ဒီလိုပုံစံမိန်းမမျိုး လမ်းပေါ်လျှောက်နေရင် လှည့်ကြည့်မယ်သူတောင် ရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။
 ကျွန်တော်ရှေ့ထိုင်ခုံပေါ်မှာ သူတို့ထိုင်နေကြတယ်။ သူတို့ရှေ့မှာ ပန်းသီး၊ လိမ္မော်သီး၊ ကိုကာကိုလာ စတဲ့အစားအသောက်တွေ အပြည့်တင်ထားတယ်။ ယောက်ျားဖြစ်သူက လိမ္မော်သီးခွာပြီး မိန်းမပါးစပ်ထဲ တစ်စိတ်ထည့်ပေးလိုက်တယ်။ လိမ္မော်သီးကို မိန်းမက အားရပါးရဝါးစားတယ်။ သိမ်မွေ့ညင်သာပုံ တစ်စက်မှ မပေါက်ခဲ့ဘူး။ ယောက်ျားဖြစ်သူက လိမ္မော်သီးခွာလိုက် မိန်းမပါးစပ်ထဲ ထိုးထည့်ပေးလိုက် လုပ်နေတယ်။ ယောက်ျားရဲ့ မျက်နှာအသွင်အပြင်ကို ကျွန်တော်အကဲခတ်ကြည့်တော့ ယောက်ျားတိုင်းမှာရှိတဲ့ တည်ငြိမ်ခြင်းမျိုး.... မိန်းမရဲ့မျက်လုံးထဲမှာတော့ မိန်းမတိုင်း အလွယ်တကူထုတ်ပြတတ်တဲ့ ပျော်ရွှင်ခြင်းမျိုး ရစ်ဝဲနေခဲ့တယ်။
 သူတို့အတွဲကိုကြည့်ပြီး ကျွန်တော့်နှလုံး ခပ်ဆတ်ဆတ်လေးတစ်ချက် ခုန်သွားတယ်။ တကယ်တော့ ဒီလောကမှာ တကယ့်အထီးကျန်တဲ့လူတွေ နည်းပါးတယ်ဆိုတာကို ကျွန်တော်သတိထားလိုက်မိတယ်။ လူတိုင်းလူတိုင်းမှာ ချစ်သူဆိုတာ အပါးမှာရှိနေပြီးသားပါ။ ရုပ်ဆိုးတဲ့ယောက်ျားမှာလည်း သူနဲ့လိုက်ဖက်တဲ့၊ သူ့ကိုချစ်ကြိုက်တဲ့ မိန်းကလေးရှိပါတယ်။
 လုံးဝမလိုက်ဖက်တဲ့စုံတွဲတွေ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ပျော်ပျော်ရွှင်ရွှင် သွားလာနေတာကို ကျွန်တော်တို့မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးက စကားလုံးနည်းနည်းနဲ့ ဘယ်လိုရှင်းပြလို့မှ မရနိုင်ခဲ့ပါဘူး။ အရပ်ပုပုယောက်ျားတစ်ယောက်က အရပ်သွယ်သွယ် မိန်းကလေးတစ်ယောက်နဲ့ တွဲတာမျိုး၊ လမ်းလျှောက်ရင် မောဟိုက်တတ်တဲ့ မိန်းမဝဝတုတ်တုတ်တစ်ယောက်နဲ့ လေတိုက်ရင် လဲကျမလားလို့ ထင်ရတဲ့ ယောက်ျားတစ်ယောက် တွဲတာမျိုး၊ တစ်ယောက်က မဲတူးကြမ်းတမ်းပြီး ကျန်တစ်ယောက်က ဖြူဆွတ်သိမ်မွေ့တာမျိုး....
 ပညာရှင်တွေရဲ့ပြောကြားချက်အရ ဒီလိုဆန့်ကျင်ဖက်တွေရဲ့ပေါင်းစပ်ခြင်းက ရုပ်ရည်ချောမောတဲ့ ယောက်ျားမိန်းမတို့ရဲ့ ပေါင်းစပ်ခြင်းထက် ပိုတည်မြဲ၊ ခိုင်မြဲစေတယ်လို့ဆိုပါတယ်။ ဒါဟာ လူတိုင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးခြားတဲ့အရာတစ်မျိုးကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအရာဟာ တခြားလူတွေအတွက် ဘာမှမထူးခြား၊ ဘာမှမထိုက်တန်ပေမယ့် လိုက်ဖက်သင့်တော်သူကို ဆိတ်ဆိတ်ငြိမ်ငြိမ်လေး စောင့်နေခဲ့ပါတယ်။ သူ(သူမ)ကိုချစ်တဲ့လူကမှ အဲဒီအရာကို ခံစားမိနိုင်မှာဖြစ်ပါတယ်။
 အပင်တစ်ပင်အတွက် တွင်းတစ်တွင်းက ရှိနေစမြဲပါ။ ဘုရားသခင်က ဘယ်အပင်ကိုမှ စွန့်လွှတ်ထားမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ အခု သင်ဟာတစ်ကိုယ်ရည်သမား၊ အထီးကျန်နေသူဆိုရင် စိတ်မပူပါနဲ့... သင့်ကိုချစ်တဲ့လူက သင့်ကိုရှာဖွေနေပါတယ်။ သူရောက်အလာကို သင်စောင့်ဆိုင်းနေတာပါ...
           ************************************
ချစ်သူဆိုတာ...
      ချစ်သူဆိုတာ..
   ပျင်းလို့ စကားပြောတဲ့ 
  အဖော်မှ မဟုတ်တာ....။
     ချစ်သူဆိုတာ..
  ပျော်ရင်စလို့ကောင်းတဲ့
သူငယ်ချင်းမှ မဟုတ်တာ....။
      ချစ်သူဆိုတာ..                              
   စိတ်ညစ်ရင် ထွက်ပေါက်ရှာဖို့            
ပြတင်းပေါက်မှ မဟုတ်တာ....။
     ချစ်သူဆိုတာ..
   ရင်ထဲက အချစ်တွေ
      ဖွင့်ဟ၀န်ခံဖို့
လောကကြီးက ပေးထားတဲ့..
အကောင်းဆုံး အဖော်မွန်လေ.........။
      **********
သူငယ်ချင်း..ချစ်သူ။
တစ်ချိန်ကတော့
သူငယ်ချင်းပေါ့.....
ကြာလာတော့လည်း...
သံယောဇဉ်ကြိုး၊ ရင်မှာရစ်ပတ်
ဖြတ်မရပဲ၊ ချစ်ခဲ့ရတယ်...
သူငယ်ချင်းရယ်...။
  သို့ပါသော်လည်း..
   ရင်ထဲကြိတ်မှိတ်၊ သိုသိပ်ခံစား
   မျိုသိပ်ရင်းနဲ့သာ.....
   ချစ်နေရပါတော့မယ်.....
                  သူငယ်ချင်းရယ်..။
                      *********
ချစ်သူသိမြင်လှည့်ပါကွယ်...
    နေ့၊ လ၊ ရက်တွေ အလီလီပြောင်းနေပေမယ့်..
ဘယ်ခါမမေ့၊ အောက်မေ့ဆဲပါ ချစ်သူ။
    တစ်ကြိမ်တစ်ခါသာ......
အခွင့်အရေးလေး ပေးဦးမယ်ဆိုရင်ဖြင့်....
ဝေဆာအပြုံးနဲ့ ချစ်သူ့မျက်ဝန်းလှလေးတွေကို၊
မြင်တွေ့လှည့်စမ်းချင်မိ။
    သြော်.... လာချင်ရင်၊ ခရီးမဝေးလှပေမယ့်
ပုန်းရှောင်ကာ ထွက်ပြေး..
မုန်းအားတွေ ပိုခဲ့ရင်တော့ဖြင့်.......
ကိုယ် ဘာများတတ်နိုင်မှာလဲကွယ်..။
          ************
Snow Lay သို့......။
  - လာချင်ရင်၊ အနီးလေးပါတဲ့....
Snow Lay ပြောဘူးတယ်နော်။
တကယ်သာ၊ ကိုယ်လာရင်တော့ဖြင့်..
မင်းလေး ဆက်ဆက်၊ ကြိုလှည့်မှာလားကွယ်။
  - ရောဂါတော့၊ ပျောက်စေချင်ပါတယ်တဲ့....
Snow Lay ပြောခဲ့သေးတယ်နော်။
တကယ်တမ်းပျောက်စေချင်ရင်ဖြင့်..
ကိုယ့်ကို၊ လာတိုက်ကျွေးလှည့်ပါတော့ကွယ်။
  - လွယ်လွန်းရင်၊ မကောင်းဘူးတဲ့....
Snow Lay ဆိုခဲ့တယ်နော်။
တကယ်တော့ ကိုယ့်အတွက်လေ..
နာရီ၊ စက္ကန့်တွေ အလီလီဖြတ်သန်းနေရသော်လည်းပဲ..
အချစ်သစ္စာ၊ ဘယ်ခါမပျက်....
တစ်ရစ်ထက် တစ်ရစ်တိုး.. ချစ်လို့သာနေရင်းနဲ့
အရာရာ Snow သဘောအတိုင်းသာ ကိုယ်လိုက်လျောပေးနေမှာပါလေ....။
                                           ************
1 de set. de 2011
မိန်းကလေး.....
သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
  -If you don't, you are not a man
မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
  -If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
  -If you don't, you are good for nothing
မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
  -If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘောတူရင်... သူမကောင်းပြောတော့မယ်
  -If you don't you are not understanding
သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
  -If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
  -If you don't, she accuses you of double crossing
မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
  -If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... သင်ဟာ စတိုင်များသူလို့ သူပြောမယ်
  -If you don't, you are a dull boy
မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
  -If you are jealous, she says it's bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
  -If you don't, she thinks you don't love her
အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
  -If you attempt a romance, she says you didn't respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
  -If you don't, she thinks you don't like her
မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
  -If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ
သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
  -If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
  -If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
  -If you do, she thinks it's just one of the man's tactics
အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
  -If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
  -If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
  -If she talks, she wants you to listen
သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
  -If you listen, she wants you to talk
သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...
  -In Short:
အတိုချုပ်ရင်
  -So simple, yet so pretty
ရိုးရှင်းသလောက် သိပ်လှတဲ့ဟန်ပန်လေး
  -So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
  -So confusing, yet so desirable ... women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!
ယောင်္ကျားလေး
ယောက်ျားဆိုတာ...
 -If you kiss him, he kisses you back
သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
  -If you don't, he patiently waits
မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
  -If you praise him, he says thanks you
သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
  -If you don't, he feels secure in your love
မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
  -If you agree to all his likes, you have met your fantasy man
သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
  -If you don't, you still get along
မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
  -If you visit him often, he welcomes you every time
သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
  -If you don't, he'll visit you instead
သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
  -If you are well dressed, he says you are beautiful
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့ သူကပြောမယ်
  -If you don't, you are still beautiful
အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
  -If you are jealous, he reassures you and holds you
သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
  -If you're not, he gives you no reason to be
မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
  -If you kiss him once in a while, he's appreciative of your affection
သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်...
သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
  -If you kiss him often, he will always have you on his mind
မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
  -If you stare at another man, he knows that you're only admiring
သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
  -If he is stared by other women you know why-he's one hot babe
သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
  -If you talk, he'll always listen
သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
  -If you listen, he'll tell you anything you want to know
သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
  -In short:
အတိုချုပ်ရင်
 -So complex, yet so direct
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
 -So strong, yet so supportive
ခွန်အားရှိသလို... အရမ်းပံပိုးသူ...
  -So dazzling, yet so humble
တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
  -So passionate, yet so marvelous....MEN!
စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား...
မိန်းကလေးများအတွက် လိုအပ်လျှင်ပေါ့နော်......
အိမ်ထောင်သည် မိန်းကလေးတွေအတွက် အကြံပြုချင်လို့ ပါ......
ကိုယ့်ယောက်ျား ကိုယ့်စိတ်တိုင်းကျ ဖြစ်ရင် ဘယ်မိန်းမပဲ ဖြစ်ဖြစ်......
ကျေနပ်ကြမှာပါ......ကိုယ့်စိတ်တိုင်းကျဖြစ်အောင်.....ကိုယ့်ဖက်ပါအောင်...
လုပ်ဖို့ က ကိုယ့်အပေါ်မှာ မူတည်ပါတယ်......
အိမ်ထောင်စကျပြီဆိုကတည်းက ကိုယ့်ယောက်ျားဘာကြိုက်တတ်တယ်.....
ဘာဆိုမကြိုက်ဘူးဆိုတာ.....လေ့လာထားဖို့ လိုပါမယ်.......
ကိုယ့်ဖက်ကလိုလေးသေးမရှိ....တာဝန်ကျေဖို့ အဓိကလိုပါတယ်....
အောက်ကျတယ်လည်း မတွေးပါနဲ့ ....
အိမ်ထောင်မှုနိုင်နင်းရင်....ဘယ်ယောက်ျားမှတော်ရုံပစ်မပြေးပါဘူး....
အိမ်မှုကိစ္စပျင်းတဲ့မိန်းမဆိုရင်တော့....အိမ်ထောင်သက်ရှည်ကြာဖို့ မစဉ်းစားနဲ့ တော့....
မိန်းကလေးနဲ့ အိမ်မှုကိစ္စဆိုတာ.......ခွဲခြားလို့ မရပါဘူး...
အိမ်မှုကိစ္စနိုင်နင်းတဲ့မိန်းကလေးက .....အင်မတန်မှကျက်သရေရှိပါတယ်...
ရုပ်လှမှကျက်သရေရှိတာမဟုတ်ပါဘူး.....ရုပ်လှပြီးဘာအဆင့်အတန်းမှမရှိ...
ဗြဲလျန်းနေတဲ့မိန်းမတွေတစ်ပုံကြီးပါ.....သူတို့ လှဖို့ ပဲကြည့်ပြီး....
ယောက်ျားအတွက်မစဉ်းစား....ပြောလိုက်ရင်တော့ ယောက်ျားကြည့်ဖို့ ဆိုပြင်ဆင်ရာကနေ
နောက်တဖြေးဖြေးနဲ့  ကိုယ့်အတွက်......ကိုယ်လှဖို့ ကြီး ဖြစ်လာကြတာပေါ့လေ......
ဒီလိုနဲ့ အဖုအထစ်ကလေးတွေ ဖြစ်လာကြရော .....
နောက်တစ်ချက်.......ယောက်ျားလေးတွေစိတ်ပျက်စရာ....
စိတ်ကောက်တတ်တဲ့ အကျင့်ဆိုးလေး.......
အိမ်ထောင်စကျခါစတော့.....စိတ်ကောက်တာကို စိတ်ရှည်သေးတော့....
ချော့လိုက်ကောက်လိုက်ပေါ့.........ချစ်စခင်စကိုး.......
နောက်တဖြေးဖြေးနဲ့  စိတ်ပျက်စရာ ဖြစ်လာပါလေရော.......
ကောက်တယ်ဆိုတာအတိုင်းအတာတစ်ခုထိပဲ ကောင်းတယ်....
လွန်လာရင်.....မပြီးနိုင်မစီးနိုင်ကောက်နေရင်........ခဏခဏကောက်နေရင်
ဘယ်သူမှချော့ဖို့ စိတ်ရှည်တော့မှာမဟုတ်ပါဘူး.....
ြ့ပီးတော့ အချော့မခံရရင် ကိုယ်လည်းတန်ဖိုးကျပါတယ်......
အဲဒီတော့တန်ဖိုးရှိအောင်နေပါ.......
နောက်တစ်ခု ကပ်စေးနဲ တွန့် တိုခြင်း အူတိုခြင်း ရှောင်ပါ........
အရာရာကို လိုက်တွက်ကတ်ပြီး မနေပါနဲ့ ...
ကြာတော့ ယောက်ျားက အမှန်ပြောတော့မှာ မဟုတ်တဲ့အတွက်....
ယောက်ျားညာတာစပြီးခံရတော့မှာပါ.....
အူတိုတယ်ဆိုတာလည်း....မတိုရဘူးမဟုတ်ဘူး...တိုပါ...
ကိုယ်ယောက်ျားကိုချစ်တာကိုး.........
အဲ.......အလွန်အကျွံတော့ မဖြစ်စေနဲ့ ပေါ့...........
ဟိုမိန်းမနဲ့ စကားပြောလည်းမကြိုက်...ဒီမိန်းကလေးနဲ့ စကားပြောလည်း....
ယုန်ထင်ကြောင်ထင်....ကြာတော့ တကယ်ဖြစ်ကုန်ရော......
ပြောတာများတော့.....နားယဉ်ပြီးရော....
အကုန်ရောပြီး......ဂွင်တည့်သွားတော့တာပါပဲ.......
အဲဒီတော့.......အစစအရာရာ......
အပေးအယူမျှတာ ....သူ့ ဖက်ကိုယ့်ဖက်ကြည့်တာ.....
စိတ်ရင်းအမှန်လေးထားပေးတာ......
လင်နဲ့ မယားအတွက် ကိုယ့်ဖက်ပါအောင်....
စည်းရုံးနိုင်ကြမယ့် နည်းလမ်းကောင်းလေးဖြစ်မှာပါလို့ ....
အကြံပြုပါရစေ......
29 de ago. de 2011
"တကယ်ချစ်နေပြီဆိုရင်......."
"တကယ်ချစ်နေပြီဆိုရင်......."
  (၁) ဘယ်လောက်ပဲ အိပ်ချင်နေပါစေ…အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင် သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ်…သူ့ကို ချစ်မိသွားလို့ပါပဲ….
  (၂) အားလပ်တဲ့အချိန်လေးတွေမှာလည်း သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးတွေ ရှိနေတယ်ဆိုတာနဲ့တင်သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါ…
  (၃) သူနဲ့ပတ်သတ်တဲ့အရာအားလုံးကို နေ့တိုင်း နေ့တိုင်း ဂရုစိုက်အလေးထားတယ်ဆိုရင်လည်း သေချာပါတယ် သူ့ကိုချစ်နေလို့ပါပဲ….
  (၄) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ…ကိုယ့်ဖုန်းကိုဖွင့်ထားပီး သူ့ဆီက မက်ဆေ့ခ်ျကိုစောင့် ဒါမှမဟုတ် ဖုန်းကိုစောင့်နေတယ်ဆိုရင် သေချာပါတယ်…သူ့ကိုချစ်နေလို့ပါပဲ…..
  (၅) သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာ ကျေနပ်တယ်ဆိုရင် သေချာတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ…..
  (၆) အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့် ကိုယ့်မျက်စိအောက်က သူပျောက်သွားတာနဲ့ အပူတပြင်းလိုက်ရှာနေတယ်ဆိုရင်သေချာတယ်…သူ့ကိုချစ်နေလို့ပါပဲ…
 (၇) သူဖျားနေရင် ထိခိုက်ဒဏ်ရာရလာရင် လိုတာထက် ပိုစိုးရိမ်မိရင် သေချာတယ် သူ့ကိုချစ်နေလို့ပါ….
 (၈) တခြားသူအပေါ်သူစေတနာပိုမိလို့ သူ့အပေါ် မနာလို သ၀န်တိုဖြစ်မိနေရင် သေချာတယ် သူ့ကိုချစ်နေလို့ပါ….
 (၉) သူရဲ့ချိုမြမြ အပြုံးလေးတွေကိုကြည့်ပီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေရင် သေချာတယ် သူ့ကိုချစ်သွားလို့ပါပဲ…….
 (၁၀) သူ့အကြောင်း သူ့သတင်းတွေကို အမြဲနားစွင့်တတ်နေရင်လည်း သူ့ကိုချစ်မိလို့ပါပဲ….
(၁၁) သူပေးတဲ့လက်ဆောင်လေးတွေ အမှတ်တရသိမ်းထားတယ်ဆိုရင်လည်း သူ့ကိုချစ်မိနေလို့ပါပဲ….
(၁၂) သူနဲ့Chat နေရင်း သူ Offline ဖြစ်သွားမှာ စိုးရိမ်နေရင် သေချာတယ်…သူ့ကိုချစ်မိနေလို့ပါပဲ…..
 (၁၃) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိရနေရင်လည်း သေချာပါတယ်….သူ့ကိုချစ်မိနေလို့ပါပဲနော်……………….
                     ******************************
28 de ago. de 2011
နားလည်မှူလေးတစ်ခု..။
                 ကိုယ်ကရတဲ့အခါမှာ ပျော်တဲ့စိတ်နဲ့ ပေးနိုင်လို့ပေးရတဲ့အခါမှာ ပျော်တဲ့စိတ်
ကိုကြည့်တဲ့အခါမှာ ဒီစိတ်နှစ်ခုကတော်တော်ကွာတာကိုတွေ့ရလိမ့်မယ်။
         အဆင်ပြေအောင် စိတ်ချမ်းသာအောင် ရေရှည်နေသွားချင်တယ်ဆိုရင်ချစ်သူ့ရဲ့
လိုအပ်ချက်ကို အမြဲတမ်းထည့်စဉ်းစားပေးဖို့လိုတယ်။ ကိုယ်ဘာလိုအပ်တယ် ဆိုတာ
လည်း ရအောင်လုပ်ပါ။ နည်းမျိုးစုံနဲ့လုပ်ပါ။ ကောင်းတဲ့နည်းနဲ့လုပ်ပါ။ သူ့လိုအပ်ချက်ကို
လည်း နားလည်းမှူပေးပါ။
         သူ့ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးလိုက်တာဟာကိုယ့်မှာ ရှုံးသွားတာမဟုတ်ဘူး၊
ကိုယ့်ရဲ့သဘောထားကြီးမှူ ကိုယ့်ရဲ့မြင့်မြတ်မှူကို ပိုပြီးတော့ အကောင်အထည်ဖော်လိုက်
ရတာပါ။ ကိုယ့်ရဲ့မေတ္တာ ကရုဏာ၊ ကိုယ့်ရဲ့စေတနာကိုပြသလိုက်တာရယ်ပါ။
26 de ago. de 2011
ယောင်္ကျားလေးနဲ့မိန်းကလေးကွာခြားချက်များ
ယောင်္ကျားလေးနဲ့မိန်းကလေးကွာခြားချက်များ
      (၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။
    (၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။
   (၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။
   (၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။
   (၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။
   (၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
   (၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
   (၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို လွမ်းလည်းမိန်းကလေးတစ်ယောက်မို့ သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။
   (၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
   (၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။
   (၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
   (၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
   (၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
   (၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
   (၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
   (၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
  (၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ယုံကြည်တယ်။
  (၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။
  (၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။
  (၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။
                    *****************************
ဇနီးမယားအဖြစ် ထိမ်းမြားအပ်သောမိန်းမများ
ဇနီးမယားအဖြစ် ထိမ်းမြားအပ်သောမိန်းမများ
(၁) အကြင်မိန်းမပျိုသည် ရွှေသောအသားအရေလည်းရှိ၏။
(၂) သမင်မျက်စိကဲ့သို့ ညိုသောမျက်စိရှိ၏။
(၃) ခါးသေးတင်ကျယ် ငယ်သောဝမ်းရှိ၏။
(၄) ဆင်နှမောင်းကဲ့သို့ အရင်းမှသည် အဖျားတိုင်အောင် သွယ်သောပေါင်ရှိ၏။
(၅) ဖြေချ၍ နောက်သို့လှန်သော် ရှည်သော အဖျားကော့တတ်သောဆံပင်ရှိ၏။
(၆) ကြီး,ငယ်မထင် ညီညွတ်သောသွားအစဉ်ရှိ၏။
(၇) နက်သောချက်ရှိ၏။
(၈) ကောင်းမြတ်သောအလေ့အကျင့်ရှိ၏။
ထိုမိန်းမပျိုကို ယုတ်သောအမျိုး၌ဖြစ်သော်လည်း
ဆက်ဆံထိမ်းမြားရ၏။
ယင်းသို့ဖြစ်ရာ မြန်မာအမျိုးသမီးများသည်မကောင်းမှု
ပြုရမှာကို ရှက်ခြင်း ၊ ကြောက်ခြင်းဟူသော ဟီရိဩတ္တပ္ပ
တရားနဲ့အညီ ယဉ်ကျေးသိမ်မွေ့စွာပြုမူနေထိုင်ကြလျှက်
အကျော်ဇေယျတော်လေးဝဖြစ်သည့် အမရာ ၊ ကိန္နရီ ၊
မဒ္ဒီ ၊ သမ္ဘူလတို့ကဲ့သို့ ဇနီးကောင်း,ဇနီးမြတ်များရစေ
ရန် ရေးသားတင်ပြ ဆန္ဒပြုလိုက်ပါတယ်။
                           *******************
နားလည်ပေးပါ ချစ်သူ........
ချစ်သူ.....
နာရီတွေပြောင်း ရက်တွေနှောင်းလို့
မေ့နေမှာ စိုးတယ်....
ရေမြေတွေခြား တစ်နေရာစီဝေးကွာလို့
မေ့နေမှာကို စိုးတယ်.......                         
ကမ်းလက်တွေ လှမ်းလို့မမှီနိုင်လို့
မေ့နေမှာကို စိုးတယ်......
အချိန်တွေ ဘယ်လိုပဲပြောင်း
နေရာတွေ ဘယ်လိုပဲဟောင်း
မတွေ့နိုင်အောင် ကွာဝေးပြီး
မကြားနိုင်အောင် မနီးစပ်သေးရင်တောင်မှ
တစ်နေ့နေ့ ချစ်သူ့ရင်ခွင်မှာ..
နားခိုခွင့်ရမယ်ဆိုတာ
ယုံကြည်နေတယ်..ချစ်သူ။
*******************
ချစ်ကြရာဝယ် ဘယ်လိုနားလည်မှူတွေနဲ့ ခွင့်လွှတ်ပေးမလဲ...။
*ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့
ကြိုးစားပါ။ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။
ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
* *ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။သူ့ကြောင့်   
  ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်ဆက် လိုက်ပါ။
ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ်
နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ
တကယ့်ပျော်ရွှင်မှုကိုကိုယ်ကရနိုင်မှာဖြစ်တယ်။
၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ
နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ
အမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်။
၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
၎) စကားတစ်ခွန်းတည်းနဲ့လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။စကားအခွန်း
တစ်ထောင်သုံးမှလူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ
ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့။
 ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။
၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှမဖြစ်စေဘူး။
သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာမဟုတ်ဘူး။
၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ/ အခွင့်အရေးကို စောင့်မျှော်သူဟာ
တုံး အသူ ။
၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့
မလောပါနဲ့။
၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ
မပျော်ရွှင်တာတွေထည့်ရမှာလဲ?
၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ
ဘယ်သူ့မှကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။
၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ကိုယ့်ဆိုးကျိုးကို
ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို
အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊
ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ
ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာမပြောမခံရတဲ့လူဆိုတာ
မရှိဘူး။
၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်
အကောင်းဆုံး အဖြေဖြစ်တယ်။
၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။လူတွေက
ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။
၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။
ကိုယ့်ကတစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို
စိတ်အနှောင့်အယှက်ပေးနေတာ။
Best Regardလောကမှာ မိတ်ဆွေသုံးမျိုးရှိတယ်
၁-ကိုယ့်ကိုချစ်တဲ့မိတ်ဆွေ
၂-ကိုယ့်ကိုမုန်းတဲ့မိတ်ဆွေ
၃-ကိုယ့်ကိုဥပေက္ခာပြုထားတဲ့မိတ်
ဆွေ တဲ့........
******************************
**********
ကိုယ့်ကိုချစ်တဲ့မိတ်ဆွေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါမှာ
စိတ်နှလုံးချမ်းမြေ့ကြည်နူးခဲ့ရတယ်။
******************************
**********
ကိုယ့်ကို မုန်းတဲ့မိတ်ဆွေမျိုးနဲ့ ကြုံတွေ့ ရတဲ့အခါမှာလည်း ကိုယ့်အားနည်းချက်
ကိုယ့်ချွတ်ယွင်းချက်ကို အမြဲကြည့်နေတတ်တာဆိုတော့
ကိုယ်ကအမြဲသတိထားနေရင်းနဲ့ သတိရှိတဲ့သူ သတိမြဲတဲ့သူ ဖြစ်လာခဲ့တယ်။
******************************
**********
ကိုယ်ဘာပဲဖြစ်ဖြစ် ဆင်းရဲရဲ ချမ်းသာသာ ဘာမှခံစားမှုမဖြစ်ဘဲ ကိုယ့်ကို
ဥပေက္ခာပြုထားသူများနဲ့ ကြုံတွေ့ရတဲ့အခါမှာ ကိုယ့်ကိုကိုယ်
အားကိုးတတ်သူဖြစ်လာခဲ့တယ်။
******************************
**********
ဘာပဲဖြစ်ဖြစ် အဲ့ဒီမိတ်ဆွေအမျိုးအစားအားလုံးကို ကျေးဇူးတင်သင့်ပါတယ် ။
-၁) သံပရာပင်
သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ
စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက်
ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့
ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး
ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။
မွှေးကြိုင်တဲ့ရနံ့ကို ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ
ကိုယ်သိလိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်လေထုမှာ သံပရာရနံ့က
သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း
အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။
သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့
သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ
ထွက်လာနိုင်ပြီး ကိုယ်တို့ကြားမှာ လွင့်ဝဲနိုင်ပါလိမ့်မယ်။
(၂) ကော်ဖီ
မနက်အိပ်ရာထတိုင်း ကော်ဖီခါးခါးတစ်ခွက်က ကိုယ့်အတွက် မရှိမဖြစ်ပါ။ ကော်ဖီတွေ
လည်ချောင်းတစ်လျှောက် စီးဆင်းသွားမှ ကိုယ့်ဦးနှောက်တွေ ကြည်လင်လာတယ်။
ကော်ဖီသောက်သလိုပဲ.....
ခါးသီးတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့ ကြုံခဲ့ဖူးမှ ကိုယ့်အတွေးတွေ
ကြည်လင်လာနိုင်တယ်။ အမှားအမှန် ခွဲခြားလာနိုင်တယ်။ စိတ်ထိခိုက်
နာကျင်ခံစားဖူးမှ ကြံ့ခိုင်မှုကို သင်ယူနိုင်တယ်။ ဒါကြောင့်
ထိခိုက်နာကျင်ခဲ့သမျှကို အထက်တန်း ကော်ဖီမှုန့်လို့ သတ်မှတ်ပြီး
စဉ်းစားဆင်ခြေဥာဏ်ဆိုတဲ့ ရေပူပူထဲ ထည့်ဖျော်လိုက်ပါ။ အဲဒီကော်ဖီခါးနဲ့
ကိုယ့်ဦးနှောက်၊ ကိုယ့်အတွေးအိမ်ကို ကြည်လင်ပါစေ။
(၃) ရေမွှေး
ကိုယ်ဟာ ရေမွှေးတစ်ပုလင်း ဆိုပါစို့။ ဘယ်လိုရေမွှေးနံ့မျိုး ဖြစ်ချင်သလဲ?
ခပ်သင်းသင်းရနံ?
လတ်ဆတ်ကြည်လင်တဲ့ ရနံ့?
စွဲမက်ငြိတွယ်တဲ့ရနံ့?
ဒါမှမဟုတ် စူးရှတဲ့ရနံ့?
ဘယ်လိုရနံ့မျိုးကို ကိုယ်ကြိုက်သလဲ? ကိုယ်ကိုယ်တိုင် ဖော်စပ်သူ လုပ်နိုင်ပါတယ်။
သိမ်မွေ့နူးညံ့တဲ့ ရနံ့ထဲ ရွတ်နောက်နောက် ရနံ့ရောထည့်မလား?
ပေါ့ပေါ့ပါးပါးရနံ့ကို နေ့လယ်သုံးပြီး လျှို့ဝှက်တဲ့ရနံ့ကို ညမှာသုံးမလား?
လူ့ဘဝကလည်း ရေမွှေးပုလင်းလိုပဲ..
ရေမွှေးရဲ့ ထူးခြားချက်က ဖော်စပ်သူရဲ့ လက်ထဲမှာရှိသလို ကိုယ့်ရဲ့ အကျင့်စရိုက်က
ကိုယ့်လက်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်သဘောထားတွေကို လူတွေအပေါ်
လတ်ဆတ်ကြည်လင်၊ စွဲမက်အောင် ကောင်းကောင်းဖော်စပ် (ပြုပြင်)သင့်တယ်။
လူတွေနှစ်သက်တဲ့ ရေမွှေးတစ်ပုလင်းဖြစ်အောင် နေထိုင်သင့်တယ်။
(၄) ခေါင်းလျှော်
သည်းသည်းမည်းမည်း ရွာတဲ့ဒီမိုးကြောင့် အချိန်အတော် လင့်ခဲ့ရတယ်။
အဝတ်အစားတွေလည်း မခြောက်သေးဘူး။ စိတ်လည်း စိုထိုင်းလို့....
လာ.... စိတ်လန်းဆန်းတဲ့ နည်းတစ်ခု ပြောပြမယ်....
ရေနွေးတစ်ဇလုံထည့်ပြီး ခေါင်းလျှော်ပါ။ ခေါင်းထဲက စိတ်မချမ်းမြေ့စရာတွေကို
အဖြူရောင် အမြုပ်ဖြစ်အောင် လျှော်ဖွပ်လိုက်ပါ။ ပြီးတော့ ရေနွေးနဲ့
ဆေးချလိုက်ပါ။ စိတ်ကို ကပ်ကပ်စီးစီးဖြစ်စေတဲ့ အရာတွေ ရေတွေကတစ်ဆင့်၊ ရေမြောင်း၊
ရေချောင်းထဲ စီးဆင်းသွားပါစေ... အဲဒီနောက် ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး
သန့်သန့်ရှင်းရှင်း ဖြစ်သွားပြီဖြစ်တဲ့ ခေါင်းကို ဖြီးလိုက်ပါ။
ခေါင်းသားကနေတစ်ဆင့် ဦးနှောက်ထဲက အတွေးတွေပါ သန့်ရှင်းကြည်လင်သွားပြီ
ဖြစ်ကြောင့် သင်ခံစားမိလိမ့်မယ်။
(၅) ရေနွေးကြမ်း
အဲဒီရေနွေးကြမ်းတစ်ခွက်က မသောက်ဘဲ ကြာကြာထားလို့ အေးသွားခဲ့ပြီ။ အေးစက်တဲ့
ရေနွေးကြမ်းမှာ မွှေးကြိုင်တဲ့ လက်ဖက်ခြောက်နံ့ မရှိတော့ဘူး။ ရေနွေးအိုး
သံချေးနံ့ပဲ ရတော့တယ်။ အဲဒီလို အေးစက်တဲ့ ရေနွေးကြမ်းတစ်ခွက်ကို
ကိုယ်သောက်ချင်တော့မှာ မဟုတ်ဘူး။
အဲဒီလိုပဲ အသည်းနှလုံးတစ်ခု ကြာကြာလျှစ်လျှူရှူခံရရင် တဖြေးဖြေး
အေးစက်သွားတတ်တယ်။ အေးစက်တဲ့ နှလုံးသားတစ်ခု ပြန်နွေးထွေးဖို့က ခက်တယ်။
ပြန်နွေးထွေးခဲ့သည်ထားဦး အရင်ကလိုကြင်နာတဲ့ နှလုံးသားတစ်ခု မဟုတ်တော့ဘူး။
အေးစက်သွားတဲ့ အခြေအနေ၊ ဆက်ဆံမှုတစ်ခု နဂိုအတိုင်း ပြန်ဖြစ်ဖို့
လုပ်လို့ရနိုင်မလား?
ပြန်ဖြစ်ချင်ရင် အသစ်ကနေပဲ ပြန်စလို့ ရနိုင်တော့မယ်။ စိတ်သဘောထားအသစ်၊
အကျင့်စရိုက်အသစ်နဲ့ နှစ်ဦးကြားက ဆက်ဆံမှုအသစ်တစ်ခုကို စတင်ရလိမ့်မယ်။ ဒါပေမယ့်
သူ့နှလုံးသားကို ကိုင်လှုပ်နိုင်၊ မလှုပ်နိုင် မသေချာလှဘူး။
အေးစက်တဲ့ ရေနွေးကြမ်းတစ်အိုးလုံးကို သွန်ပြီး .. .. အသစ်ထပ်လဲလိုက်သလိုပေါ့။
(၆) မေ့လျော့
တစ်ခါတလေ မေ့လျော့တာက ကိုယ်ကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတယ်။
ဘယ်အချိန်မှာ သယ်ဆောင်ပေးနိုင်သလဲ?
တစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်တဲ့အချိန်..
အဲဒီနာကျင်ခြင်းတွေကို မေ့ထားလိုက်ပါ။ ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်သူက
ကိုယ့်ကို မလိုမုန်းထားလို့ဖြစ်တယ်။ အဲဒီထိခိုက်တာကို စိတ်ထဲထားပြီး
တမြေ့မြေ့ခံစားနေတာက ကိုယ့်ကိုကိုယ် နှိပ်စက်နေတာဖြစ်တယ်။ သူက
ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်ခဲ့ပြီပဲ ဘာဖြစ်လို့ အဲဒီနာကျင်တာကို
စိတ်ထဲထားပြီး သူကိုယ့်အပေါ် ပြုမှုခဲ့တာကို တသသနဲ့ ခံစားနေဦးမလဲ!
ဒါကြောင့် မှတ်ဥာဏ်မကောင်းသူက တစ်ခြားလူထက် ပိုပျော်ရွှင်ကြသလို
လူများတွန်းတိုင်းလဲသူ မဟုတ်ခဲ့ဘူး။
(၇) ကြည့်မှန်
ကြည့်မှန်က ကိုယ်နဲ့ မိတ်ဆွေသူငယ်ချင်းလား? ရန်သူလား?
မှန်ကိုကြည့်တဲ့အချိန် ကိုယ့်ကို ချစ်စရာကောင်းတယ်လို့ ထင်လား?
ရွံ့မုန်းစရာကောင်းတယ်လို့ ထင်လား? မှန်တစ်ချပ်ကို ယူပြီး သေချာကြည့်ပါ။
ပြီးတော့ ကိုယ့်ရဲ့အလှဆုံးအပြုံးကို ပြုံးပြီး မှန်ထဲကအရိပ်ကို "နင်အရမ်းလှတယ်၊
နင်ယုံကြည်မှုရှိတယ်။ စိတ်မပူပါနဲ့... အရာအားလုံးကို ဒီနေ့မှာ အဆင်ပြေပြေ
ကျော်ဖြတ်မယ်" လို့ ပြောပါ။
တကယ်ပဲ.. ကိုယ့်ကိုယ်ကို နှစ်သက်ရင် ဘယ်အရာမှ ခက်ခဲတယ်ဆိုတာ မရှိပါဘူး။
အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ…
ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…
ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…
ကိုယ့်ကို နားလည်တဲ့သူ…
(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊
အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို
အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊
အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။
သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကို
ပဲ
တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။
စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။
အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။ အဲဒီလို
မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊ ပိုင်ဆိုင်မှုတွေ
အကြောင်း မပြောဘူး ။ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့
ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။
တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။
တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။ တစ်ယောက်ရဲ့ လွတ်လပ်မှုကို
တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။ သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့်
သူ မလွတ်လပ်တာ မဖြစ်စေရဘူး ။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။
 ဒါမှ ” Soul Mate ” ဖြစ်မယ် ။
25 de ago. de 2011
အချစ်တွေ အမြဲနွေးထွေးစေနိုင်ဖို့ရာ.......
                  ချစ်ခင်မေတ္တာမျှကြတဲ့ လူ နှစ်ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။ အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ နှစ်ဦးကြားက အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။
လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။
   ၁။ "မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။ တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ်  တစ်ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။ ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ နုပျိုရှင်သန်နေပါလိမ့်မယ် ။
     ၂။ ကိုယ့်လက်တွဲဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့ အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး စနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ သုံး ခုလို့ ဆိုချင်ပါတယ် ။
    ၃။ ဓါတ်ပုံဟောင်းလေးတွေကို နှစ်ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်က သတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။
    ၄။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။
   ၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။
  ၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။ ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို အကောင်းဆုံးပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။
   ၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ ။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ တင်းကျပ်လို့ ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ် ။ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။
  ၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ ။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။
             အားလုံး...  အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ အဆင်ပြေနိုင်ကြပါစေ။
                 **************************************
နားခိုရာ
                  တိုတောင်းလှတဲ့ လူ့ဘ၀၊ လူ့လောကအတွင်းမှာ လှူပ်ရှားသွားလာရင်းနဲ့ မိမိရဲ့ ချစ်ရသူ၊ လက်တွဲမယ့်သူအတွက် နားလည်မှူတွေပေးရင်း ကျွန်တော့်ရင်ခွင်မှာ အေးချမ်းစွာ နားခိုနိုင်စေရန် နှင့်
ဘ၀တစ်ခုကို အတူရှေ့ဆက်ရင်း နားလည်မှူလေးတွေနဲ့အတူလက်တွဲကာသွားကြမယ့်အကြောင်း  အမြဲတမ်း မခွဲပဲ အတူတကွရှိနေကြမယ့်အကြောင်း " နားခိုရာ " ဟူ၍သာ အမည်ပေးခဲ့ရခြင်းပါ..။